Chapter 29

31.3K 4.9K 216
                                    

Unicode

နဂါးမင်းလောင်ဟွမ်၏ အဆောင်တွင် အစေခံတစ်ယောက်က လောင်ဟွမ်စုံစမ်းထားခိုင်းခဲ့သော သတင်းနှစ်ခုကို လာရောက်လျှောက်တင်သည်။ နဂါးမင်း၏ ဒေါသက စမ်းသပ်ရန် မသင့်သည့်အတွက် အစေခံက အတတ်နိုင်ဆုံး အရှင်းလင်းဆုံးနှင့် အတိကျဆုံးဖြစ်အောင် လျှောက်တင်သည်။

"သွားလို့ရပြီ...''

အစေခံ၏ လျှောက်တင်မှုအဆုံး၌ လောင်ဟွမ်က လက်ကာပြကာ ထွက်သွားခိုင်းလေသည်။ သူ၏ မျက်နှာက ခါတိုင်းထက် အနည်းငယ်တင်းမာနေပြီး ခက်ထန်နေသည်။ သူက ခြေလှမ်းကျယ်များဖြင့် ဖုန်ဟွေ့၏ ရှိနေသော အဆောင်သို့ ဦးတည်သွားလေသည်။

အဆောင်ရှေ့က အစောင့်တို့်မှာ ဒေါသမာန်ဟုန်တို့ဖြင့် လှမ်းလာသော နဂါးမင်းကို တွေ့သောကြောင့် ကြောက်ဒူးပင်တုန်သွားကြသည်။ သို့သော် လောင်ဟွမ်က သူတို့ကို အရေးမစိုက်ပဲ အထဲသို့လှမ်းဝင်သွားသည်။ အကြောင်းရင်းကို မသိသော်လည်း အစောင့်တို့သည် အတွင်းက နတ်ဘုရားအတွက် များစွာ ဆုတောင်းမိနေချေသည်။ သူတို့်ထင်သည်က နဂါးမင်းက ထိုနတ်ဘုရားကို ဒေါသဖြစ်နေသည်ဟုပင်။

နန်းဆောင်တွင်းတွင် ဖုန်ဟွေ့သည် လှမ်းဝင်လာသော အစ်ကိုတော်၏ မျက်နှာအမူအရာကြောင့် တစ်စုံတစ်ရာ ကိစ္စရှိနေကြောင်း ခန့်မှန်းမိလေသည်။

"ဖုန်ဟွေ့ မင်းရဲ့အစီအစဉ်ကို ဖျက်လိုက်''

လောင်ဟွမ်က ထိုင်ခုံတွင် ထိုင်ရင်းပြောသည်။ သူ၏ အသံက အမိန့်ပေးသံဆန်နေသည်။

"အစ်ကိုတော် ပြဿနာတစ်ခုခုရှိလို့လား''

ဖုန်ဟွေ့က နောက်ထပ်ထိုင်ခုံတစ်ခု၌ ဝင်ထိုင်းရင်း မေးသည်။

"မီးတောင်တွေပေါက်မှာက တကယ်ပဲ။ မင်းကြိုက်တဲ့ မီးတောင်ဝကို ဝင်သွားလို့ ရတယ်။ ဒါပေမဲ့ အပြင်းထန်ဆုံး ပေါက်ကွဲမယ့် မီးတောင်ဝတော့ မသွားရဘူး''

လောင်ဟွမ်က ဖုန်ဟွေ့က ကြည့်ကာ ပြောသည်။ သူက ဇာမဏီတို့၏ ထူးဆန်းသော အမူအကျင့်တို့ကို နားမလည်သော်လည်း ယခုကိစ္စက အလွန်အန္တာရာယ်များကြောင်း နားလည်ချေသည်။

Legendary Phoenix [Complete]Where stories live. Discover now