Chapter - 7

40.2K 6K 370
                                    

Zawgyi

ဧကရာဇ်ကျင်းထောင်သည် ကောင်းကင်ဘုံက သူ၏ နန်းဆောင်တွင် အေးအေးဆေးဆေးအနားယူနေစဉ် သူ၏ နားထဲတွင် တခြွင်ခြွင်နှင့် ခြူလုံးသံများကို ကြားလိုက်ရသည်။

ထိုခြူလုံးသံများက ဧကရာဇ်ကျင်းထောင်အတွက်တော့ ကောင်းကင်ဘုံ၏ ငြိမ်းချမ်းနေမှုကို လာစစ်ကြေငြာသည့်အသံများဖြစ်လေသည်။

ခြူလုံးတို့သည် သူ့ဘာသာနေလျှင် သာယာသော အသံပြုမည် ဖြစ်သော်ငြား မောင်မင်းကြီးသား ဖုန်ဟွေ့၏ ခြေထောက်တွင် ဝတ်ဆင်လိုက်သောအခါ ကောင်းကင်ဘုံကို စစ်ကြေငြာသည့် စစ်ဗုံသံများဖြစ်သွားလေသည်။

မကြာမီ ဖုန်ဟွေ့သည် ဧကရာဇ်ကျင်းထောင်၏ နန်းဆောင်သို့
မြောက်ကြွမြောက်ကြွ ဖြင့်ဝင်ရောက်လာလေတော့သည်။

"အရှင်...ဖုန်ဟွေ့ပြန်လာပါပြီ''

ဧကရာဇ်ကျင်းထောင်၏ မျက်နှာမှာ အနည်းငယ်မဲ့သွားသည်။
သူ၏ စိတ်ထဲတွင် အတွေးတို့ ပြည့်နှက်သွားသည်။

မင်းလာတာငါမသိပဲရှိမလာ...မင်းခြူလုံးသံတွေက မိုင်နှစ်ရာလောက်က ကြားရတယ်

"ပြသာနာရှာခဲ့ပြီလား ဖုန်ဟွေ့''
ဧကရာဇ်ကျင်းထောင်ကမေးလိုက်သည်။

"အရှင်ဘာကိုဆိုလိုတာလဲ...ကျွန်တော်ကအခုမှ ရေမိစ္ဆာတွေကို နှိမ်နင်းပြီး တောင်ပင်လယ်က ပြန်လာတာလေ''
ဖုန်ဟွေ့က ဧကရာဇ်ကျင်းထောင်ကို နားမလည်ဟန်ဖြင့် ပြန်မေးသည်။

"အော်...ဟုတ်သားပဲ...ကိုယ်တော် အကျင့်ပါနေလို့...ပြသာနာရှင်းခဲ့ပြီလားမေးတာ''
ဧကရာဇ်ကျင်းထောင်က ထိုအခါမှ သူ့စကားအမှားကို ပြင်လိုက်ပြီးပြောသည်။

"ရှင်းခဲ့ပါပြီ...''
ဖုန်ဟွေ့က ပြန်ဖြေသည်။ ဖုန်ဟွေ့က ဖြေသာဖြေလိုက်သော်လည်း သူ၏ မျက်နှာက သိသာစွာ ပျက်နေသည်။ ကောင်းကင်ဘုံဧကရာဇ်ကို ဤလေသံ ဤမျက်နှာထားဖြင့် ပြောရဲသည်မှာ ကောင်းကင်ဘုံတွင် ဖုန်ဟွေ့တစ်ယောက်သာ ရှိလိမ့်မည်။

"တခြားပြောစရာများကျန်သေးလား...''
ဧကရာဇ်ကျင်းထောင်က ဝတ္တရားအတိုင်း မေးလေသည်။

Legendary Phoenix [Complete]Where stories live. Discover now