Chapter 56

32.6K 4.8K 403
                                    

Unicode

"သခင်မ''
မဝံ့မရဲနှင့် အနားသို့ရောက်လာသော အစေခံ မိစ္ဆာမကို ယဲ့မိန်​က မော့ကြည့်သည်။

ယဲ့မိန်၏ မျက်လုံးများက မီးလျှံလို နီရဲနေသည်။ သူမသည် ကောင်းကင်ဘုံကနတ်ဘုရားနှင့် ထိပ်တိုက်ရင်ဆိုင်ရပြီးကတည်းက အထိနာကာ နန်းဆောင်၌ အနားယူနေရခြင်း ဖြစ်သည်။ ယဲ့မိန်သည် သူမ၏ ဒဏ်ရာကိုကြိတ်၍သာ ကုသနေပြီး သတင်းကိုမိစ္ဆာလောကသို့ ပျံ့မသွားစေရန် အထူးဂရုစိုက်လေသည်။

"မိစ္ဆာအချို့ သခင်မကိုတွေ့ခွင့်တောင်းနေပါတယ်''
အစေခံမက မဝံ့မရဲနှင့် လျှောက်တင်သည်။ သူမသည် အသက်ကို လောင်းကြေးထပ်၍ ဤအခန်းထဲသို့ ဝင်လာရခြင်း ဖြစ်သည်။ သေမင်းတမန်မိစ္ဆာမ စီဝမ်ရှစ်ကျယ် ယဲ့မိန်၏ ဒေါသသည် စမ်းသပ်၍ ကောင်းသော အရာမဟုတ်ပါ။

"ခွပ်...''
ထင်သည့်အတိုင်းပင် ယဲ့မိန်က ယဲ့မိန်က စားပွဲရှိကြွေကရားဖြင့် အစေခံမ၏ မျက်နှာကို ပစ်ပေါက်လိုက်လေသည်။

အစေခံမ လန့်သွားသော်လည်း မတိမ်းရှောင်ရဲပါ။

"ဘယ်ကမိစ္ဆာတွေလဲ...ငါ့လိုအဆင့်အတန်းက သူတို့တွေ့ချင်တိုင်းတွေ့လို့ရမယ့်သူများ မှတ်နေလား...အကုန်မောင်းထုတ်ပစ်စမ်း''

ယဲ့မိန်က ဒေါသတကြီး အော်ဟစ်လေသည်။ ယဲ့မိန်သည် သူမကိုယ်သူမ မိစ္ဆာလောက၏ နံပါတ်တစ်ဟု သတ်မှတ်ထားကာ အခြားမိစ္ဆာများက သူမအတွက် အဆင့်အတန်းကွာခြားလွန်းသည်ဟု တွက်ထားသည်။ မိစ္ဆာလောက၌ကား ထိုသို့လက်ခံထားသူများရှိသလို ယဲ့မိန်ကို ဖားတု၍ခရုခုန်သည်ဟု လှောင်ပြောင်ရယ်မောကြသူများလည်းရှိသည်။ သူမသည် တစ်ချိန်က ကောင်းကင်ဘုံကပင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ရသော အိပ်မက်ဆိုးစေတမန် အဲ့မုန့်ကျီးရှန်းနှင့်ယှဥ်ပါမူ ကလေးသာသာမျှသာ ရှိသည်ဟု ထင်ကြလေသည်။

ထိုအရာများကို ယဲ့မိန်မသိသည်မဟုတ်။သူမကိုကြိတ်၍ ရယ်မောနေကြသည်ကို သိ၍လည်း သူမပို၍ ဒေါသကြီးနေခြင်း ဖြစ်သည်။

အစေခံမထွက်သွားပြီးနောက် ယဲ့မိန်ကအခန်းထဲရှိပစ္စည်းတို့ကို စိတ်တိုင်းကျ ဖျက်ဆီးပစ်လေသည်။ သို့သော် ဒဏ်ရာအရှင်းမပျောက်သေးသော သူမ၏ ခန္ဓာကိုယ်က အပြင်းအထန်လှုပ်ရှား၍ မရချေ။ နောက်ဆုံးတွင် မဟန်နိုင်တော့ပဲ သူမပစ်လဲကျသွားလေသည်။

Legendary Phoenix [Complete]Where stories live. Discover now