Chapter 47

30.8K 4.9K 205
                                    

Unicode

"ဝူချင်...''

ဖုန်ဟွေ့က အိပ်ရာကနိုးလာပြီး သူ၏ ဘေးတွင် လှဲနေသော ဟွားဝူချင်ကိုခေါ်လိုက်သည်။

"အိပ်မပျော်ဘူးလား...''

"အိပ်ပါတယ်...အခုမှနိုးလာတာ''

ဟွားဝူချင်ကသူတစ်ညလုံး အိပ်မက်ကမ္ဘာထဲ ရောက်နေခဲ့သည်ကို ဖုန်ဟွေ့ကို မပြောပြပေ။

"ဖုန်ဟွေ့...''

ဟွားဝူချင်က သူ့ကိုဖက်ထားသော ဖုန်ဟွေ့ကို မော့ကြည့်ကာ ခေါ်လိုက်သည်။

"ပြောလေ...''
ဖုန်ဟွေ့က သူ့ကိုမော့ကြည့်နေသော ဟွားဝူချင်၏ နဖူးပြင်ကို အသာအယာထိနမ်းပြီး ပြန်ဖြေသည်။

"ငါ့ကိုမှ ဘာလို့ မင်း ချစ်မိသွားရတာလဲ''

ဟွားဝူချင်က သူသိလိုသော မေးခွန်းကို မေးလိုက်သည်။ သူ၏ စိတ်ထဲတွင် အလွန်အမင်း စိုးရွံ့နေသောအရာ ရှိပေသည်။ အကယ်၍ ဖုန်ဟွေ့ကသာ သူ့ကို သူ၏ ရုပ်သွင်ကြောင့် ချစ်မြတ်နိုးပါသည်ဟု ဖြေလိုက်လျှင် သူမည်သို့ ခံစားရမည်မပြောတတ်။

ဤလောကကြီးတွင် သူ၏ ရုပ်သွင်နှင့် ထပ်တူညီနေသော သူတစ်ယောက်ရှိချေသည်။

ဖုန်ဟွေ့က ထူးဆန်းစွာမေးလာသော ဟွားဝူချင်၏ သလင်းလိုကြည်လင်သော မျက်ဝန်းများကို စိုက်ကြည့်နေသည်။

"ချစ်တာက အကြောင်းပြချက်ရှိရမှာလား''

"....''
ဟွားဝူချင်က ခေါင်းညိတ်ပြသည်။ သူအချစ်က အကြောင်းပြချက် လိုမလိုမသိသော်လည်း ဖုန်ဟွေ့ဆီက အဖြေကြားရရန် လိုအပ်ပေသည်။ ရင်တဒိတ်ဒိတ်ဖြင့် ဖုန်ဟွေ့၏ အဖြေကို စောင့်စားနေရသည်က သူ့အတွက် စက္ကန့်ပိုင်းကပင် ကြာရှည်သည်ဟု ထင်လာရသည်။

ဖုန်ဟွေ့က ဟွားဝူချင်၏ ဦးခေါင်းကို တစ်ချက်ပုတ်လိုက်သည်။
"အဲ့ဒီလောက်သိချင်နေတာလား''

"....''
ဟွားဝူချင်၏ ရင်ထဲတွင် မည်မျှဗြောင်းဆန်နေသည်က သူကိုယ်တိုင်သာ သိသည်။ သူက မဆိုင်းမတွခေါင်းငြိမ့်ပြသည်။

ဖုန်ဟွေ့က အစွယ်လေးများပေါ်အောင် နှစ်ခြိုက်စွာ ပြုံးလိုက်သည်။
"ထ...အဲ့ဒါဆို...ကိုယ်ပြောပြမယ်''

Legendary Phoenix [Complete]Where stories live. Discover now