Chapter 81

18.9K 3.6K 157
                                    

Unicode

အဲ့မုန့်ကျီးရှန်းသည် တင်ပျဥ်ခွေထိုင်နေရာမှ သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ဝိညာဥ်များဆီက အသက်ဓာတ်ကို စားသုံးခြင်းဖြင့် စွမ်းအားကြီးလာပြီဖြစ်သည်။ သူသည် ပုံရိပ်ယောင်ကမ္ဘာမှ ရုန်းထွက်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ကလေးငယ်ကို အသုံးပြုထားသော အိပ်မက်ဗဟိုချက်ဆီက စွမ်းအားများက ပို၍တိုးတက်လာသောကြောင့် ထိုနေရာတွင် အစားထိုးဝင်ရောက်မည့်သူ ရောက်လာပြီဖြစ်ကြောင်း အဲ့မုန့်ကျီးရှန်းသိလိုက်ချေသည်။

သူသည် နှုတ်ခမ်းတစ်ဖက်ကွေးညွတ်သွားသည်ထိ ပြုံးလိုက်ပြီး တီးတိုးရေရွတ်သည်။
"ခဏပဲသည်းခံလိုက်...ဝူချင်!''

အဲ့မုန့်ကျီးရှန်းသည် နေရာက မတ်တပ်ရပ်လိုက်သည်။ သူ၏ အသွင်အပြင်သည် တစ်မျိုးပြောင်းလဲနေသည်။ ငွေဖြူရောင်ဆံနွယ်များနှင့် အဖြူရောင် ဝတ်ရုံက သူ၏ ကိုယ်ပေါ်တွင် ရှိနေသည်။

တစ်နည်းဆိုသော် ထိုအသွင်အပြင်သည် အိပ်မက်နတ်ဘုရား ဟွားဝူချင်၏ အသွင်အပြင် ဖြစ်သည်။

အိပ်မက်နတ်ဘုရား၏ သွင်ပြင်ကိုယူပြီး အဲ့မုန့်ကျီးရှန်းသည် ထိုနေရာက ထွက်လာလေသည်။

ထိုအချိန်တွင် နေနတ်သားကား သူ၏ ထံသို့ များပြားစွာ ဝိုင်းဝန်းတိုက်ခိုက်လာသော ဝိညာဥ်များကို အပြင်းအထန်ခုခံနေရသည်။ ဝိညာဥ်တစ်ကောင်ချင်းဆီ၏ စွမ်းအားသည် မကြီးမားသော်လည်း နေနတ်သားအဖို့ ၎င်းတို့ကို ပြင်းစွာ မထိခိုက်မိအောင် သတိထား၍ တိုက်ခိုက်နေရသည့်အပြင် အရေအတွက်ကလည်း တဖြည်းဖြည်းများပြားလာသောကြောင့် သူအကြပ်တွေ့နေသည်။

အဲ့မုန့်ကျီးရှန်းချထားသော အစီအမံများကြောင့် နေစကြ်ာသည်လည်း ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ချေ။

".....''

ပြင်းထန်လာသော ဝိညာဥ်များက ထိန်းချုပ်ခံဖြစ်နေရကား ကြောက်ရွံ့ခြင်းလည်း မရှိ၊ မောပန်းနွမ်းနယ်မှုလည်း မရှိချေ။

ပုံရိပ်ယောင်လောကတွင် နေနိုင်ရန် စွမ်းအင်အများအပြားထုတ်သုံးထားရသော နေနတ်သားမှာသာ လက်ပန်းကျလာသည်။

Legendary Phoenix [Complete]Where stories live. Discover now