Chapter 34

30.3K 5.5K 383
                                    

Unicode

ဟွားဝူချင်သည် နာရီပေါင်းများစွာ မေ့မြောနေခဲ့သည်။

သူသတိပြန်လည်လာ၍ မျက်လုံးများကို အားယူပြီး ဖွင့်ကြည့်လိုက်သောအခါ တွေ့လိုက်ရသည်က နန်းဆောင်၏ မျက်နှာကျက် ဖြစ်သည်။ တစ်စုံတစ်ယောက်က မေ့မြောနေသောသူ့ကို အိပ်ရာပေါ်သို့ ရွှေ့ထားခြင်း ဖြစ်လိမ့်မည်။

"အရှင်နိုးလာပြီလား...''

နတ်သူငယ်လေးရှောင်ပိုင်၏ မျက်နှာကို ဟွားဝူချင်တွေ့လိုက်ရသည်။

ထိုနတ်သူငယ်လေးက သူ၏ နန်းဆောင်အတွင်းသို့ အဆောင်ကျောက်များ ထားရန်လာစဉ်တွင် သူ့ကို တွေ့သွားခြင်း ဖြစ်လိမ့်မည်။ သူ၏ နန်းဆောင်က အတားအဆီးထပ်ထပ်ရှိသော်လည်း အနှီနတ်သူငယ်လေးကို ကျော်ဖြတ်ရန်နည်းလမ်း ဟွားဝူချင်ပြောပြထားပြီး ဖြစ်သည်။

ဟွားဝူချင်က အိပ်ရာမှ လူးလဲထလိုက်သည်။ သူသည် နာကျင်မှုကိုမခံစားရပေ။ ရှောင်ပိုင်က ဆေးကုပေးထားခြင်း ဖြစ်လိမ့်မည်။

"အဆောင်ကျောက်တွေထဲက စွမ်းအင် နည်းနည်းလွှဲပေးထားတယ် အရှင်...''

ရှောင်ပိုင်က သူ့ကို ထူရင်းပြောသည်။

ထိုအဆောင်ကျောက်များကြောင့် ဟွားဝူချင်၏ စွမ်းအားများ ပြန်လည်ပြည့်လာပြီး နာကျင်မှုတို့ ပျောက်သွားခြင်း ဖြစ်လိမ့်မည်။

"ကျေးဇူးပဲ...''

ဟွားဝူချင်ပင် စိတ်ထင်သည်လားမသိပါ။ ရှောင်ပိုင်က သူ၏ မျက်ဝန်းများကို ရှောင်ပြီး တစ်စုံတစ်ရာကို စိတ်မကောင်းသဖြင့် ပြောမထွက်ဖြစ်နေဟန်တူသည်။

ထိုအခိုက်အတန့်၌ ဟွားဝူချင်သည် သူနှင့်ယဲ့မိန်တို့၏ တိုက်ပွဲကို သတိရသွားသည်။ သူ ထိခိုက်မိသည့် နေရာကိုလည်း အမှတ်ရသွားသည်။ သူ၏ လက်များဖြင့် ယောင်ယမ်း၍ ပါးပြင်ကို စမ်းလိုက်သည်။

နူးညံ့ချောမွတ်နေရမည့် ပါးပြင်သည် ယခုတစ်ကြိမ်တွင် နူးညံ့မနေတော့ပါ။

ဟွားဝူချင်၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ သူက အိပ်ရာပေါ်မှ အလျင်အမြန်ထပြီး သလင်းကျောက်၏ မျက်နှာပြင်ရှေ့၌ ရပ်လိုက်သည်။

Legendary Phoenix [Complete]Where stories live. Discover now