Chapter 88

19K 3.8K 262
                                    

Unicode

ဟွားဝူချင်သည် နဂိုမူလကတည်းက စွမ်းအားကြီးမားသော နတ်ဘုရားဖြစ်ပြီး သူ၏ စွမ်းအားများကို ထိန်းချုပ်ထားသောကြောင့်သာ အားနည်းနေသကဲ့သို့ ဖြစ်ခြင်း ဖြစ်သည်။

ယခုတွင်မူ နှောင်ဖွဲ့ထားသည့်အရာများ မရှိတော့သလို သူ၏ ကျိန်စာသည်လည်း အသက်ဝင်လာပြီဖြစ်သည်။ ထို့ကြောင့် သူသည် ကြောက်စရာကောင်းအောင် စွမ်းအားကြီးနေသည်။

မိုးနတ်သားသည် သူ၏ အင်အားအပြင်းဆုံး မိုးကြိုးမုန်တိုင်းကို ဆင့်ခေါ်ကာ တိုက်ခိုက်နေသည်။

"ဂျိန်း...ဂျိန်း...''

ကြည်လင်သော ကောင်ကင်ကား မိုးကြိုးလျှပ်စီးတို့ တဝင်းဝင်းဖြင့် မာန်ဖီနေသော သားရဲကြီးတစ်ကောင်လို ကျယ်လောင်စွာ မြည်ဟီးနေချေသည်။

အနီးအနား ပတ်ဝန်းကျင်က လူသားများသည် ကြောက်လန့်၍ ထွက်ပြေးသွားကြပြီ ဖြစ်သည်။

လူများစွာ သွားလာခဲ့သော လမ်းမကျယ်ရှိသည့် နေရာသည် အင်အားကြီးနတ်ဘုရားတို့၏ စစ်တလင်းပြင် ဖြစ်လာသည်။

မိုးနတ်သား၏ စွမ်းအားပြင်း မိုးကြိုးမုန်တိုင်းတို့ကို ကြံ့ကြံ့ခံကာ ဟွားဝူချင် ခံစစ်ပြင်ထားသည်။ သူသည် နေနတ်သား၏ နေစကြာ် ကွင်းကိုလည်း ရှောင်တိမ်းရသေးသည်။

"ရွှမ်း''

လေဟာနယ်ကို တစ်စုံတစ်ရာ ဖြတ်သန်းသွားသလို အသံကို ကြားလိုက်ရသည်။

နေနတ်သား ပစ်လွှတ်လိုက်သော နေစကြ်ာပင်။

"အားးး''

မိုးကြိုးမုန်တိုင်း နှင့် နေစကြာ်၏ အလင်းတန်း။

နှစ်ခုလုံးကိုတော့ ဟွားဝူချင် တစ်ပြိုင်နက်တည်း မခုခံနိုင်ပါ။ သူက မိုးကြိုးမုန်တိုင်းကို ရှောင်တိမ်းလိုက်ချိန်၌ နေစကြ်ာက သူ၏ လက်မောင်းသားကိုရှပ်ထိသွားသည်။

ဝတ်ရုံအနက်၏ ပြတ်ရှပိုင်းက နေစကြ်ာတွင် ကပ်ညှိပါသွားလေသည်။

ဟွားဝူချင်၏ လက်မောင်း၌ သွေးတို့သည် ရေကရားက ရေ လွှတ်လိုက်သလို ပန်းထွက်လာသည်။ ဒဏ်ရာက ရှပ်ထိသွားခြင်းမဟုတ်။ သူ၏ လက်မောင်းပြတ်လုမတတ် ဖြစ်သွားခြင်းပင်။

Legendary Phoenix [Complete]Where stories live. Discover now