Chapter 85

19.6K 3.7K 304
                                    

Unicode

အဲ့မုန့်ကျီးရှန်း နှင့် ဟွားဝူချင် ပျောက်ကွယ်ပြီး နှစ်လခန့်အကြာ...

ကောင်းကင်ဘုံ၌ နေရာတကာတွင် လူ့လောက,က အိပ်မက်ဆိုးပြုစားခံရသူများနှင့် ပတ်သက်၍ တိုင်ကြားသည်တို့ကို နတ်ဘုရားတို့ ကြုံတွေ့နေရသည်။

အိပ်မက်နတ်ဆိုးပြုစားမှုသည် ကျိုးဖုန်းမှသည် အခြားသော မြို့များသို့ ပျံ့နှံ့သွားပြီ ဖြစ်သည်။ ဝမ်အိမ်တော်က ကလေးငယ်လို အဖြစ်ဆိုးနှင့်ကြုံရသော မိသားစုများသည်လည်း ဒုနှင့်ဒေးရှိလာသည်။ ပြုစားခံရပြီး အသက်ဆုံးရှုံးသွားရသော ဝိညာဥ်များသည်လည်း တစ်နေ့တစ်ခြား များလာသည်။

ကောင်းကင်ဘုံဧကရာဇ်သည် ထိုအရေးတို့ကို စီမံရန် ဗျာပါဒများနေသည်။ ၎င်းသည် နတ်ဘုရားတို့ ဦးစီးသော နတ်စစ်သည်တို့ကို ထိုပြုစားခံရသော မြို့နယ်များဆီသို့ စေလွှတ်သော်လည်း ရလဒ်ကား အချည်းနှီးသာ။ ပုံရိပ်ယောင်ကမ္ဘာကို အလွယ်တကူ ဖန်ဆင်းနိုင်သော အဲ့မုန့်ကျီးရှန်းကို ၎င်းတို့ အလွယ်တကူမဖမ်းနိုင်ချေ။ ယုတ်ဆွအဆုံး အရိပ်ကိုပင် ၎င်းတို့ မတွေ့ရချေ။ သို့ကြောင့် ပြုစားခံရသော သူများသာ တဖြည်းဖြည်း များလာသည်။

အစဥ်သဖြင့် ငြိမ်းချမ်းခဲ့သော လူ့လောကကား အဲ့မုန့်ကျီးရှန်းပေါ်ထွက်လာပြီး နောက်ပိုင်းတွင်  ကမောက်ကမ ဖြစ်ကာ ပြိုလဲနေသည်။

ဇာမဏီနတ်ဘုရား ဖုန်ဟွေ့သည် ကျိုးဖုန်းမြို့က ပြန်လာပြီးကတည်းက ကောင်းကင်ဘုံ၌ မနေတော့ချေ။ ၎င်းသည် ဧကရာဇ်နှင့် တစ်စုံတစ်ရာ ပြောဆိုပြီးနောက် ပျောက်ကွယ်သွားလေသည်။ ထိုအချိန်မှစ၍ မည်သည့် နတ်ဘုရားကမှ ဇာမဏီနတ်ဘုရားကို မတွေ့ရတော့ချေ။

အိပ်မက်နတ်ဘုရား ဟွားဝူချင်သည်လည်း အဲ့မုန့်ကျီးရှန်း၏ ပြုစားခံရပြီးနောက်တွင် နတ်ဆိုးတစ်ပိုင်း ဖြစ်သွားသည်။ ရံဖန်ရံခါပေါ်လာသော အနက်ရောင် ဝတ်ရုံနှင့် နတ်ဆိုးသည် ဟွားဝူချင်လော၊ အဲ့မုန့်ကျီးရှန်းလော ဝေခွဲမရနိုင်သည့်အထိ တူနေသည်။

ယခုအခေါက်က ယခင်အခါထက် အခြေအနေ များစွာ ဆိုးဝါးပေသည်။ ယခင်က နတ်ဆိုးတစ်ယောက်တည်း ဖြစ်သော်လည်း ယခုမူကား အိပ်မက်ဆိုး ဖန်ဆင်းနိုင်သူက နှစ်ယောက်ဖြစ်နေသည်။ ပို၍ဆိုးသည်က ၎င်းတို့နှစ်ယောက်သည် တစ်ချိန်တည်းတွင် နေရာနှစ်နေရာ၌ ပြိုင်တူပေါ်လာတတ်သည်။ မည်သူက ဟွားဝူချင်၊ မည်သူက အဲ့မုန့်ကျီးရှန်းဟု တပ်အပ်ဆိုရန် ခက်ခဲလှသည်။

Legendary Phoenix [Complete]Where stories live. Discover now