Chapter 99

24K 3.8K 344
                                    

[Unicode]

"ခြွင်ခြွင်...''

ခြေလှမ်းတိုင်း ချူသံလေးများ ဆူညံစွာ ထွက်ပေါ်လာ၏ ။ ဖုန်ဟွေ့ စိတ်လက်ကြည်လင်ကာ ပျော်ရွှင်နေသည်မှာ သေချာပါသည် ။ ဤကောင်းကင်ဘုံ၌ သူတစ်ယောက်သာ ဧကရာဇ်ဆီက အဆူခံရသည်ကို ပျော်မြူးနေပေလိမ့်မည်။

ဧကရာဇ်၏ နန်းဆောင်သို့ ဝင်ရန်ဆဲဆဲတွင် ဖုန်ဟွေ့သည် မျက်နှာချင်းဆိုင်မှ လှမ်းလာသော မိုးနတ်သားကျင်းဖန်အား တွေ့လိုက်ရချေသည်။

ဖုန်ဟွေ့၏ မျက်ခုံးအစုံ မြင့်တက်ကာသွားရသည်။ အံ့သြခြင်းက မျက်နှာထက်၌ အထင်ရှား။

သူ မည်သည့်အချိန်က အတူတူ အဆူခံရန် အဖော်ရသွားပါသနည်း ။

မိုးနတ်သားကျင်းဖန်ကား ဖုန်ဟွေ့လို မျက်နှာရွှင်ပျခြင်းမရှိစေကာမူ မှုန်မှိုင်းနေခြင်းလည်း မရှိချေ။ သည်အတိုင်း ပကတိကြည်လင်ကာယ မသိလျှင် ဧကရာဇ်ဆီသို့ ခိုင်းစေလိုက်သော တာဝန်ကို ပြီးမြောက်ကြောင်း လာရောက်လျှောက်တင်သည့်အလား ။

မိုးနတ်သား ကျင်းဖန်၏ အမူအရာက မင်သေ ပိရိလှ၍ ဖုန်ဟွေ့ပင် တာဝန်ဖြင့်လာသည်ဟု ယူဆမိသွားသည်။

အနားရောက်မှ မိုးနတ်သားက ဖုန်ဟွေ့ကို တစ်ချက်ဝေ့ကြည့်ကာ ဆို၏ ။

"မင်းရောလား...''

ထိုသို့ပြောအပြီး မိုးနတ်သားက ဖုန်ဟွေ့ ဘာမှမပြောရသေးခင် သူ့ဘာသာပြန်ဖြေ၏ ။

"အင်းပေါ့...မင်းရောပေါ့...မင်းမှမပါရင် ထူးဆန်းနေမှာပေါ့''

ကျင်းဖန်၏ အထူးအဆန်းစကားများကို ဖုန်ဟွေ့ နားမလည်ဖြစ်သွားရသည်။

"ကျင်းဖန် မင်းဘာတွေပြောနေတာလဲ''

"မင်းမသိဘူးလား ။ ဒီနေ့ နန်းဆောင်စီမံရေးနတ်ဘုရား အစီရင်ခံလွှာတင်တဲ့နေ့ပဲ။ ဧကရာဇ်က ခေါ်ပြီဆိုမှတော့ အဲ့ဒီအကြောင်းပေါ့ ''

မိုးနတ်သားပြောသည့် အဲ့ဒီအ​ကြောင်းဆိုသည်က သူရော ၊ ဖုန်ဟွေ့ရော မိမိ၏ ကိုယ်ပိုင်နန်းဆောင်၌ မကပ်သည့်အကြောင်းပင်။

ဖုန်ဟွေ့ - ''.....''

နန်းဆောင်စီမံရေးနတ်ဘုရား???

Legendary Phoenix [Complete]Where stories live. Discover now