Chapter 5

6.1K 1.2K 181
                                    


Chapter 5: ညဉ့်နက်အချိန်

ကွိုင့်ရှင်းမျက်နှာ?

လင်းရှောင်ယန်ခေါင်းခါပြလျက် .."ငါတို့ သူ့ပုံစံကိုကြည့်ရဲတယ်ဆိုရင်တောင် အချိန်မလောက်ဘူး"

မနေ့ညက သူမငုံကြည့်မိတော့ မထင်မှတ်စွာ လျှိုလီလီ၏အရိပ်ကို တွေ့လိုက်ပြီး ထိုအကြောင်းမေးမိအချိန် လျှိုလီလီ၏အော်သံက ကြားဖြတ်၍ ကွိုင့်ရှင်းကိုအမြန်ပို့ဆောင်လိုက်ကြသည်။

သူမတကယ်ပြန်ပို့ခဲ့လားဆိုတာတော့ ... သူမ မသိဘူး။

စုမင်မျက်မှောင်ကျုံ့ကာ .."ငါ အဲ့ကွိုင့်ရှင်းကို ဒီ့ထက်ပိုပြီး စုံစမ်းချင်သေးတယ်။ ဒါပေမယ့် အခုအခွင့်ရေးမရှ်ိတော့ဘူး" မနက်ခင်းလည်းဖြစ်တာမို့ အ‌မျိုးသမီးအဆောင်တွင် လူများစွာရှိနေသေးသည်။

"စုံစမ်းမယ် ... ဘာကိုစုံစမ်းမလို့လဲ?" လင်းယိကျီတိုးတိုးပြောလာတယ် .."ဆွဲထုတ်တာက သူများကိစ္စနော်"

လင်းရှောင်ယန်နဲ့ သူတို့က သူငယ်ချင်းလည်းမဟုတ်သလို ဆွေမျိုး‌လည်းမဟုတ် ... သူတို့အချင်းချင်းက အတန်းဖော်တွေသာ ... ဒီလို အသက်ပေးရမယ့်ကိစ္စမှာ စုမင်က အမှန်တကယ် ပါဝင်ချင်နေတယ်။

စုမင်ခေါင်းခါပြီး .."မေ့လိုက်တော့ ... ငါအဆောင်ပြန်တော့မယ်"

အချိန်တိုအတွင်း ကွိုင့်ရှင်းသတင်းကို ထပ်ရရှိမှာမဟုတ်ပေ။ သူ အွန်လိုင်း၌ ရုံးဌာနရဲ့ခုနှစ်လွှာအကြောင်းကို ထပ်တူးဆွလို့ရသေးတယ်။

ထူးထူးဆန်းဆန်းတွေ ဖြစ်ပြီးကတည်းက ထပ်ဖြစ်လာမည်ပင်။

ခုနှစ်လွှာမှာ အချို့သော့ချက်တွေ ပုန်းကွယ်ထားပုံရပေမယ့် အခုတော့ သူမသွားရဲပေ။

စုမင်သည် ဘေးမှာရပ်ပြီး ဇာတ်ရည်လည်သည်ထိ ကြည့်နေမယ့်လူမျိုးမဟုတ်ပေ ... အမျိုးသားအဆောင်ကို သူပြန်ကာ ဒီနေရာမှာအလုပ်လုပ်သည့် အန်တီကြီးတံခါးကိုမြင်တော့ တံခါးနားအရောက်တွင်ရပ်လိုက်သည်။

အန်တီကြီးက တစ်နှစ်ပတ်လုံးဤနေရာတွင် ရှိနေခဲ့သည်။ အစားထိုးစောင့်ရှောက်သူများလိုတော့ မဟုတ်သလိုပဲ။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now