Chapter 45

3.8K 800 42
                                    


Chapter 45: ပန်းအိုး

ကော်ရစ်ဒါကနေ ဟိုတယ်ဧည့်ခန်းမအများစုကို မြင်နိုင်ပေမယ့် ရှုထောင့်ကန့်သတ်ချက်ကြောင့် အနည်းငယ်မျှကိုသာ မြင်နိုင်ပြီး ... ဒါက လူတွေကို ထူးဆန်းတဲ့ခံစားချက်ပေးတယ်။

အပေါ်ထပ် ‌ကော်ရစ်ဒါမှ အောက်ကို ဆင်းသွားရင် အပြင်မှာ နေရာလွတ်ရှိနေတာကို မြင်နေရပေမယ့် ပြတင်းပေါက်က ပိတ်ဆို့ထားပါတယ်။

လီချီယွီလမ်းလျှောက်ရင်း မေးလာတယ် .."အခုငါတို့အပေါ်ထပ်တက်ကြတော့မလား?"

စုမင်အရှေ့ကိုကြည့်ပြီး မပြောခင် တခဏတွေးတောလိုက်သည်။
"မင်းတို့တွေအရင်တက်နှင့်လေ ... ငါနည်းနည်းလျှောက်ကြည့်မလို့"

စောစောက ထိပ်ပြောင်ပြောင်လူကြီးဘာတွေ့သွားလဲ သူမသိသလို စူးစမ်းကြည့်ချင်မိသည်။ ဒါက တစ်စုံတစ်ခုသော သဲလွန်စတစ်ခုဆီသို့ ဦးတည်သွားပေနိုင်မည်။

ကျောင်းထောင်ကျီး.."ဘာလို့ငါတို့အတူမသွားကြမှာလဲ? အခန်းထဲမှာလည်း ဘာမှလုပ်စရာမရှိဘူးလေ ... ဒီဟော်တယ်ရဲ့အပြင်မှာ ခြံဝင်းနဲ့ ရေပန်းကြီးရှိတယ်"

စုမင်က .."မင်းသွားချင်ရင် ငါတို့အတူတူသွားလို့ရတယ်"

လဲ့လင်းတစ်ချိန်လုံးဘာမှမပြောပေမယ့် ငြင်းဆန်မည့်ပုံလည်း မပေါ်ပေ။

ဧည့်ကြိုခန်းရဲ့အဆုံးကို လမ်းလျှောက်ပြီးရင် ခန်းမကြီးဖြစ်သည်။ ထိုတခေတ္တ ရှေ့ကောင်တာ၌ လူစု လူစုဖြင့် တစ်ခုခု မေးမြန်းနေကြသော်လည်း ထိုင်နေသည့်အမျိုးသမီးမှာ မရွေ့သလို ဘာမှလည်းမပြောပေ။ သူတို့ကိုသာ ဆက်၍စိုက်ကြည့်နေဆဲ...

အဆုံးတော့ ထို‌လူတွေနည်းနည်းဒေါသထွက်လာကြသည်။

သို့ပေမဲ့ ရှေ့ကောင်တာမှ အမျိုးသမီးမှာ စိတ်ခံစားချက်တစ်စုံတစ်ရာမှမရှိသည့်အလား ... သူမမျက်နှာအမူအယာဘယ်တော့မှ မပြောင်းပေ။ သူတို့စိတ်ဆိုးဒေါသထွက်နေသည့်သူက သူမမဟုတ်သည့်အတိုင်းပင်။

"ဒီဧည့်ကြိုမိန်းကလေးက တကယ်လန့်စရာကောင်းလိုက်တာ ... ကျက်သီးတောင်ထတယ်" လီချီယွီရေရွတ်၏။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now