Chapter 27

4.2K 1K 48
                                    


Chapter 27: အန်ကယ်ဟဲ

အန်ကယ်ဟဲက သူတို့ဆီလာပြီးတိုက်တွန်းနေမှတော့ သူတို့လည်းပြောစရာမရှိပေ။
ချန်းရှင်းကျို့နောက်လှည့်ကြည့်ပြီး ခေါင်းငြိမ့်ကာ .."ဟုတ်ကဲ့ ကျွန်တော်တို့ပြီးတော့မယ် ... နောက်တစ်မိနစ် နှစ်မိနစ်လောက်ပဲ"

အန်ကယ်ဟဲ .."အိုကေ"

သူချက်ချင်းကော်ရစ်ဒါစင်္ကြ့လမ်း‌ထံ ရွေ့ပြီးရပ်လိုက်သည်။ သူတို့ကို သူ(အန်ကယ်ဟဲ)မကြည့်ပေမယ့် တခဏအတွင်းလှည့်ကြည့်လာတော့မည့်အတိုင်းပင်။

စုမင်လှည့်ပြီး ကျောက်မင်ရာနဲ့ချန်ယုချင်းတို့ကိုညွှန်ကာ .."မင်းတို့ပဲ မိတ်ကပ်လိမ်းချင်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလား?"

ကျောက်မင်ရာတုန့်ပြန်၏ .."ခဏစောင့်"

ချန်ယုချင်းကို သူမဆွဲခေါ်ပြီး အန်ကယ်ဟဲကိုဖြတ်လျှောက်ကာ သူတို့အခန်းထဲဝင်သွားပြီး တံခါးပိတ်ခဲ့၏။
စုမင်၏စကားနောက်ကွယ်ကအဓိပ္ပာယ်ကို ကျောက်မင်ရာနားလည်သည်။

နှစ်မိနစ်ကြာပြီးနောက် မိန်းကလေးနှစ်ယောက်ပြန်ရောက်လာကာ ဘောင်းဘီရှည်ပြောင်းလဲဝတ်ဆင်လိုက်တယ်။ အန်ကယ်ဟဲအတွက်တော့ သူတို့ပုံက ခုနကနဲ့ ဘာမှမပြောင်းလဲပေ။

"သွားကြစို့ ... ကျုပ်နောက်လိုက်ခဲ့ မဟုတ်ရင်လမ်းပျောက်သွားလိမ့်မယ်" အန်ကယ်ဟဲပြောတယ်။

သူတို့အရင်ကမရောက်ဖူး၍ ကုန်းလျှောနောက်မှာ ဘာရှိမှန်းမသိပေ ... အခုသူတို့တွေ့လိုက်သည်မှာ အလွန်သာမန်ဆန်သော ရိုးရိုးအိမ်ဖြစ်၏။

ရွာတွေထဲမှာတွေ့နေကျ ကိုယ်ပိုင်ခြံဝင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းရှိသောအိမ်ဖြစ်သည်။

ထိုတွင်အမှန်တကယ်အလင်းရောင်ရှိသော်လည်း သစ်တောများနှင့်ကာဆီးထားသဖြင့် သူတို့နေရာမှမမြင်ရပေ။ နောက်ခံအမှောင်ထုထဲမှ အလင်းရောင်သေးသေးလေးက ကြည့်လို့ကောင်းသည်။

ကြည့်လို့ကောင်းသော်ငြားလည်း အန္တရာယ်များသည့်တစ်စုံတစ်ခုဖုံးကွယ်နေနိုင်သည်။ နောက်ဘာဆက်ဖြစ်မလဲ ဘယ်သူမှမသိပေ။
သူတို့ ဒီ့ထက်အတန်ငယ်လျှောက်ပြီး ကုန်းလျှောတက်ပြီးနောက် အန်ကယ်ဟဲအိမ်သို့ရောက်ရှိတယ်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now