Chapter 65

2.3K 585 23
                                    


Chapter 65: မီးဖိုခန်း

ရွှီရီရှောင်ထွက်သွားပြီးနောက် စုမင်အချိန်အတော်ကြာ တိတ်ဆိတ်နေ၏။

ထို့နောက် သူအောက်ထပ်ဆင်းကာ စားသောက်ခန်းစားပွဲဝိုင်းတွင် မနက်စာခင်းကျင်းထားသည်ကို တွေ့လိုက်ရသည်။ ထိုတွင် ဆန်ပြုတ်နှင့်အခြားအရံစားစရာများရှိပြီး ရှစ်နန်ရှန်းနှင့် ဟန်ချင်းချင်းတို့က စားနှင့်နေလေပြီ။

ဒါရိုက်တာအိုကြီးက သူ့ကိုခေါ်လိုက်သည်။
"လာ ... ဆန်ပြုတ်လာစား ... အရမ်းအရသာရှိတယ်"

စုမင်စားဖို့ရာ စိတ်မပါပေ။ ဘာပဲဖြစ်ပါစေ ... ထိုအ‌စားအသောက်များက စားရလို့ရလား မရလား သူမသိသေးဘူး။

"ကျွန်တော်မနက်စာ စားလေ့မရှိတော့ အဆင်ပြေပါတယ်"

ထိုသို့ သူဆုံးဖြတ်ချက်ချသည်ကို မြင်ရတော့ ဒါရိုက်တာအိုကြီးထပ်မမေးတော့ပေ။

ရှစ်နန်ရှန်းက မနက်စာကိုအလွန်ကျေနပ်အားရစွာ စားသောက်ခဲ့ပြီး ချီးကျူးလေသည်။
"ကျွန်တော်ပုံဆွဲနေခဲ့ရတာမို့လို့ တခါတလေနောက်ကျမှအိပ် နောက်ကျမှထတော့ မနက်စာစားနေကျမဟုတ်ဘူး။ ဒါက အတော်ကြာမှ စားရတဲ့ ကျွန်တော့်ရဲ့ပထမဆုံးမနက်စာပဲ။ ဒီအရသာကိုလွမ်းနေခဲ့တာ"

စုမင် သူ့ကိုဝေခွဲမရစွာကြည့်လိုက်ပြီး သူ့‌နှုတ်ခမ်းထောင့်စွန်းတွန့်သွား၏။

နာရီဝက်ကြာသည်ထိ စားပွဲဝိုင်းတွင်ထိုင်နေခဲ့ပြီး တစ်မှေးတ‌မောအိပ်ရန် သူ့အခန်းသို့ပြန်သွားသည်။
နောက်တခါ စုမင်အောက်ထပ်ဆင်းလာချိန်မှာ ၁၁နာရီရောက်လုနီးပါးဖြစ်နေပြီ။

ယန်ဂျင်းချိုင်နဲ့ ရွှီရီရှောင်တို့က မိဘမဲ့ဂေဟာတဝက်ကို ‌လျှောက်ပတ်ကြည့်ခဲ့သည်။

သူအခုမှနိုးတာကို တွေ့တော့ ယန်ဂျင်းချိုင် သူ့ကိုအဆိုပြုလာ၏။
"ငါတို့အရင်ကနေခဲ့တဲ့နေရာကို သွားကြည့်ချင်လား?"

ဘာဖြစ်ဖြစ် သူတို့က အသိအကျွမ်းတွေဖြစ်နေဆဲပင်။

"အို‌ခေ" စုမင်သဘောတူသည်။

မိဘမဲ့ဂေဟာတွင် နှစ်ဘက်လုံး၌တံခါးတွေရှိသည်။
ပင်မတံခါးညာဘက်တွင် အတော်လေးကျယ်သော နောက်ဖေးခြံဝင်းကြီးဆီသို့ ဦးတည်နေသော တံခါးတစ်ချပ်ရှိသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now