Chapter 30: လိမ်လည်ပြောဆိုသောပုံပြင်ဟိုဘက်မှာရှိနေသည့် အန်ကယ်ဟဲပျောက်သွားနှင့်နေပြီ။
ကုန်းစောင်းမှာ သူတို့ရပ်နေလျက် ချန်းရှင်းကျို့ပြောတယ် .."ပြန်ကြရအောင် ... ဒီမှာမလုံခြုံသလိုခံစားရတယ်"
ဤနေရာ၌ ကျွန်းသားတွေကိုတွေ့ရတာအလွန်ရှားသည်။
ထိုအချိန်တုန်းက မျက်မမြင်အဖွားအိုပင် မရှိတော့ပေ။ သူမဘယ်ထွက်သွားလဲ သူတို့မသိဘူး။ တကယ်လို့သူတို့သိခဲ့ရင် သေချာပေါက် စုမင်သူမကိုလိုက်ရှာပြီး မေးခွန်းအချို့မေးမြန်းမိမှာအမှန်ပင်။
စုမင်အသံနိမ့်လိုက်ပြီး .."မနေ့ညက အဲ့နေရာကို ပြန်သွားကြည့်ကြည့်ချင်တယ်"
ချန်းရှင်းကျို့ ပြန်မေး၏ .."အဲ့မှာဘာဖြစ်တာလဲ ငါတို့သိပြီးသားမဟုတ်ဘူးလား?"
စုမင်ခေါင်းခါရင်း .."ဖားပြုပ်တွေဘယ်ကလာလဲ ငါသိချင်တာ ... ဟိုတနေ့က ကျင်းထဲကနဲ့အတူတူပဲလားဆိုတာကို"
ဒီတစ်ခါ သူတို့အားလုံးအတူတူသွားကြသည်။
ထိုနေရာသည် ကမ်းခြေနှင့်နီးသောကျင်းနှင့် အတန်ငယ်ဝေးသော်လည်း ကုန်းစောင်းနဲ့အလွန်နီးတာမို့ မိနစ်အနည်းငယ်တောင်မကြာ ရောက်ရှိသွားကြသည်။
မနေ့ညက သူတို့မြေကြီးပြန်ဖို့ထားပေမယ့် တူးဆွထားသည့်ဟန် ထင်ရှားသည်။ အဓိကအကျဆုံးအချက်သည် အရေခွံတွေအားလုံးကို သူတို့သေချာမဖုံးနိုင်ခဲ့သဖြင့် မြေပြင်ထက်အချို့ရေညှိစိမ်းရောင်အစိတ်အပိုင်းတွေကို မြင်နေရသေးတယ်။
ဟိုတွင်းထဲရှိ ဆီချွဲချွဲရေညှိစိမ်းရောင်နှင့် အလွန်ဆင်တူသည်။
ကျောက်မင်ရာအံ့ဩစွာဖြင့် .."အဲ့ဒါတကယ်တွင်းထဲကပဲ"
ဒါကိုမြင်တော့ ဟိုတွင်းထဲရှိ မြက်စိမ်းများနှင့် ရေညှိစိမ်းဖုံးလွှမ်းနေသည့် အစိမ်းရောင်ဆီချွဲချွဲရေမျက်နှာပြင်ကို သူမမှတ်မိသွားသည်။ ဖားပြုပ်အသားအရေကလည်း ထိုသို့စွန်းထင်းနေတာကြောင့် ယင်းတွင်းထဲကထွက်လာတဲ့အကောင်ဆိုသည့်အချက်ကို ညွှန်ပြနေသည်။

ESTÁS LEYENDO
To be a Heartthrob in a Horror Movie(Myanmar Translation)
Misterio / SuspensoOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...