Chapter 29

4.5K 1K 84
                                    


Chapter 29: ရေတွင်း

စုမင်အိပ်ယာနဲ့ မီတာအကွာအဝေးအနည်းငယ်ရှိ ကျောင်းယွင်းဟော်နှင့်ချန်းရှင်းကျို့တို့က လုံးလုံးသတိမမူမိကြပေ။

သုံးခန်းပေါင်း၌ ကုတင်သုံးလုံးရှိကာ ကျောက်မင်ရာနဲ့ချန်ယုချင်းက သူတို့အခန်းထဲ၌ တစ်လုံးသုံးပြီး သူတို့ဆီမှာ ကျန်နှစ်လုံးရှိ၏။

ဘာလို့သူ့ကိုတစ်ယောက်တည်းအိပ်ခွင့်ပြုလဲ စုမင်လည်းမသိဘူး။

သို့သော် ကံကောင်းထောက်မစွာ သူတို့ခွဲအိပ်ရလို့ ... မဟုတ်လို့ ချန်စုကိုရှာတွေ့သွားရင် ရှင်းပြရခက်နေလိမ့်မည်။

တုန့်ပြန်သံမကြားသဖြင့် ချန်းရှင်းကျို့စက္ကန့်အနည်းငယ်စောင့်စားပြီးမှ ထပ်မေးလေတယ် .."စုမင် မင်းအိပ်သွားပြီလား?"

"မအိပ်သေးဘူး။ ငါအခုပိုသက်သာသွားပြီ ... အိပ်ငိုက်နေရုံတင်ပါ"

ချန်းရှင်းကျို့ .."ဒါဆိုပြီးရောလေ ... အိပ်တော့"

စုမင်တစ်ဖက်လှည့်လိုက်တယ်။ သူ့ဘေး၌ ဘယ်သူမှမရှိဟု ထင်ရပေမဲ့ တစ်ကယ်တမ်း တစ်စုံတစ်ယောက်ရှိနေတယ်။

စုမင်လည်း သူ့ကိုမမြင်ရပေ။

စောင်နှင့် သူ့ပါးစပ်ကိုဖုံးအုပ်ပြီး တီးတိုးပြောလိုက်သည်။
"ခင်ဗျားမှာ အိပ်ဖို့နေရာမရှိဘူးလား?"

မီးအိမ်ဂါဝန်ကိုတောင် ကြောက်လန့်စေခဲ့သည့် ကြီးမြတ်လှသောသခင်တစ်ယောက်အနေနဲ့ သူနဲ့အတူ တိုးဝှေ့ကပ်ရသည့်အခြေအနေမျိုးကို ဘယ်လိုတောင်ရောက်ခဲ့ပါလိမ့်?

ချန်စုသည် အလွန်တာဝန်ကျေပွန်စွာ သူ့ကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

စုမင်က လူသားတစ်ယောက်ဖြစ်ပြီး အပူချိန်ကသာမန်ဖြစ်သည်။ ဒါကတစ္ဆေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး သူက ရေခဲပုလင်းကို ‌ထွေးပတ်ထားသလိုခံစားရတယ်။
ချန်စုနှင့် သူသည် မျက်နှာချင်းဆိုင်လက်ဖဝါးစာသာ ကွာဝေးပြီး သူ့အသက်ရှူလေကိုပင် သူ(ချန်စု)ခံစားနိုင်သည်။

သို့သော် ဒါကိုစုမင်မသိပေ။
သူ(စုမင်)သည် ငို‌င်‌တွေသောမျက်ဝန်းများဖြင့် သူ၏ဦးတည်ရာကိုကြည့်နေသောသားရဲလေးတစ်ကောင်နှင့်တူသည်ဟု ချန်စုခံစားမိသည်။
အန္တရာယ်လည်းကင်းသောသားရဲသည်  အလွန်စွဲမက်ဖွယ်ကောင်းသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now