[Arc 5] Chapter 81

3.5K 543 11
                                    


Arc 5: အညတရအကျဉ်းထောင်
Chapter 81: Sexy

လသာဆောင်ရှိ ပန်းပင်တွေကိုရေလောင်းပြီးနောက် စုမင်အခန်းပြန်လာခဲ့သည်။ အဖွားကတော့ အိပ်နေလေပြီ။

မားမားစုသည် အဝတ်တွေကိုစီရီနေပြီး တီးတိုးပြော၏ .."သားမနက်ဖြန်အတန်းရှိတော့ ဒီညအိမ်ပြန်တော့ ... မနက်ဖြန်စောစောထရအုန်းမှာ"

သူမအသံမှာ လော်ဆော်နေသလို တစ်စုံတစ်ခုဖုံးကွယ်ထားတာမျိုးဖြစ်‌နေသည်ကို သူမကိုယ်တိုင် သတိမထားမိချေ။

သူထွက်သွားဖို့ကို သူမဘာလို့စိတ်စောနေလဲ စုမင်နားမလည်ပေ။ သူ့ကိုမသိစေချင်တာတစ်ခုခုရှိလို့များလား? ရှောင်စုနဲ့ပတ်သတ်နေတာလား?

သို့ပေမဲ့ သူ့မှတ်ဉာဏ်ထဲမှာ ထိုလူမရှိခဲ့ပေ။ မားမားစုနဲ့ တခြားသူတွေက တစ်ခုခုကို ဖုံးကွယ်ထားလို့လား၊ ဒါမှမဟုတ် တခြားတစ်ခုခုကြောင့်လား။
ခဏကြာတော့ စုမင်သည် ဤမေးခွန်းများအတွက် အဖြေကို ရှာမတွေ့ခဲ့ပါ။

သူပေါ့ပေါ့ပါးပါးတုန့်ပြန်လိုက်တယ် .."ဒီနေ့လည် ပြန်လိုက်ပါမယ်"

နေ့လည်စာကို နာနီကပြင်ဆင်ထားတာဖြစ်ပြီး လူများများရှိသည့်အတွက် ဟင်းလျာ‌တွေလည်းများသည်။ သွားလာဖို့အခက်အခဲရှိတဲ့အတွက်ကြောင့် အဖွားအိုသည် အစားစားရန် အိပ်ယာထဲမှာပဲ စောင့်ဆိုင်းနေခဲ့သည်။

စုယင်မိဘတွေက အလုပ်ကိစ္စကြောင့်ထွက်သွားနှင့်ပြီဖြစ်ကာ အလုပ်ပြီးမှ စုယင်ကိုလာခေါ်မှာဖြစ်တာမို့ သူမဆက်ပြီးရစ်သီရစ်သီလုပ်နေခဲ့သည်။

မားမားစုက အားလပ်ရက်အလုပ်မရှိတာမို့ နေရစ်ခဲ့၏။

နေ့ခင်း နေ့လည်စာအချိန်၌ စုမင်တမင်သက်သက်ပြောလိုက်တယ် .."ကျွန်တော့် မူလတန်းကျောင်းတုန်းကအတန်းဖော်တွေ  အခု‌နောက်ပိုင်းပြန်လည်တွေ့ဆုံပွဲရှိခဲ့ပေမဲ့ ကျွန်တော်မသွားဖြစ်ခဲ့ဘူး"

မားမားစုပေါ့ပေါ့ပါးပါးဖြေတယ် .."မူလတန်းကျောင်းက အတန်းဖော်တွေ ပြန်လည်ဆုံတွေ့ပြီး ဘာလုပ်လို့ရမှာလဲ?"

"ကျွန်တော်လည်းအဲ့လိုတွေးမိတာပဲ"

သူမကို သူဒီတိုင်းစစ်ဆေးကြည့်ရုံတင်။ သူမတုန့်ပြန်ပုံအရ သူ့ရဲ့မူလတန်းကျောင်းနဲ့ ဘာမှမသက်ဆိုင်ပုံပေါ်တာကြောင့် မူလတန်းက အတန်းဖော်တွေထဲကလည်းမဟုတ်ဘူးလို့ ဆိုလိုတာပင်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now