Chapter 26

3.9K 1K 33
                                    


Chapter 26: ရေပန်း

တကယ်တော့ ဒါသိပ်မဟုတ်သလိုပဲ။

အမှန်တော့စုမင်သည် လူပေါင်းများစွာနှင့်လည်းတွေ့ဆုံဖူးသော်လည်း သူနှင့်အမှန်တကယ်တွေ့ဆုံခဲ့သူမှာ အန်ကယ်ဟဲနှင့်ရေချိုးခန်းထဲမှ လူနှစ်ယောက်သာဖြစ်သည်။ ဤကျွန်းတွင် အိမ်ထောင်စုမည်မျှနေထိုင်သည်ကိုလည်း သူမသိပေ။

အန်ကယ်ဟဲထွက်ခွာသွားပြီးနောက် အားလုံးတိတ်ဆိတ်သွားခဲ့သည်။ တစ်ခါတစ်ရံပိုးကောင်များ၏ တကျည်ကျည်သံများသာရှိခဲ့သည်။
ကျောက်မင်ရာကြောက်လန့်မှုပြည့်နေကာ .."ငါတို့တကယ်ပဲ အန်ကယ်ဟဲနေရာဆီသွားစားကြမှာလား?"

သူတို့သွားခဲ့ရင် မကောင်းတာတစ်ခုခုဖြစ်လိမ့်မယ်လို့ သူမခံစားမိနေတယ်။ ချန်းရှင်းကျို့ အင်မတန်မလိုလားပေ။
"ငါတို့ညစာချက်လို့ပြီးသွားရင် သူငါတို့ကိုအတင်းသွားခိုင်းလို့မရတော့ဘူး"

ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းယွင်းဟော်သဘောမတူပေ .."မင်းဘယ်လိုသိတာလဲ? သူ ငါတို့ကိုအကြမ်းဖက်ပြီးခေါ်ခဲ့ရင်ရော………"

သုံးယောက်သား သွားသင့်လား မသွားသင့်လားအတွေးများဖြင့် ရုန်းကန်နေကြသည်။

ချန်းရှင်းကျို့ကို စုမင်ကြည့်ပြီးမေး၏ .."မင်းမသွားချင်ဘူးလား?"

ချန်းရှင်းကျို့ခေါင်းညိတ်၍ .."အေး ... ငါတို့အန်ကယ်ဟဲနေရာမရောက်ဖူးသလို ပြင်လည်းမပြင်ဆင်ရသေးဘူး။ ဟိုမှာ ဘာဖြစ်မလဲ ဘယ်သူသိမှာလဲ?"

စုမင် ထိုအကြောင်းတွေးကြည့်ပြီးပြီ။ သူက ဒီထိတ်လန့်ဖွယ်ရုပ်ရှင်ဇာတ်လမ်းရဲ့ ဇာတ်လိုက်မင်းသားဖြစ်တာမို့ အန်ကယ်ဟဲနေရာသို့သွားရမယ့် ဇာတ်ကွက်က ဧကန်ဖြစ်ကိုဖြစ်လာလိမ့်မည်။

ရှောင်လွှဲလို့မရတဲ့ဇာတ်ကြောင်းဆိုတော့ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မင်းသမီးတို့ရဲ့အတွေးက ပြောင်းလဲမှာမဟုတ်။ ဒါကိုပြောရရင် မူလဇာတ်လမ်းထဲတွင် သူတို့မသွားဖြစ်ပုံပင်။

သူတို့မသွားခဲ့လျှင် အနာဂတ်ကတပ်အပ်ပြောရခက်သွားလိမ့်မယ်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now