Chapter 61

2.7K 585 8
                                    


Chapter 61: မှတ်ဉာဏ်

စုမင်နေထိုင်သည့်နေရာနှင့် Happy Houseမိဘမဲ့ဂေဟာသည် အတန်ငယ်ဝေးကွာသည်။ အချိန်အတော်ကြာ ကားထဲတွင်တရေးတမောအိပ်ပြီး ပြန်နှိုးလာတော့ သူရောက်ခံနီးနေပြီ။

အပြင်ဘက်၌ နေဝင်နေပြီဖြစ်ကာ ကောင်းကင်မှာမှောင်စပြုလာလေပြီ။ အဆုံးမရှိသော ကားလမ်းတလျှောက် လမ်းဘေးမီးဓာတ်တိုင်များမှာလည်း မီးလင်းလာသည် ။

မသိရင် သေခြင်းသို့သွားရာလမ်းကဲ့သို့ပင်။

ယာဉ်မောင်းသမားက သူနိုးလာ‌တာတွေ့တော့ မနေနိုင်ဘဲပြောလိုက်တယ် .."ကျုပ်လို ကားမောင်းသမားအဘိုးကြီးက ဒီနေရာကိုကောင်းကောင်းကျွမ်းကျင်ပေလို့ပေါ့ ... မဟုတ်ရင် မင်းငွေအများကြီးသုံးနေရလိမ့်မယ်"

ဤအခွင့်အရေးကို စုမင်လက်ဆုပ်ကိုင်ကာ မေးလိုက်တယ် .."မိဘမဲ့ကျောင်းကို ခင်ဗျားသိလား?"

လမ်းမကြီး၌ ဘယ်သူမှမရှိ‌တာတွေ့တော့ ယာဉ်မောင်းကအရှိန်မြှင့်လိုက်ရင်း .."သိတယ်ကွ ... ဒီနေရာကို မကြာခဏဖြတ်မောင်းနေကျ ... ဒါပေမဲ့ မလာဖြစ်တာ နှစ်တော့နည်းနည်းကြာပြီ"

ဘာဖြစ်ဖြစ် ထိုနေရာတွင် အများကြီးမရှိတော့ပေ။

"မိဘမဲ့ဂေဟာမှာ ဘာဖြစ်ခဲ့လဲ ခင်ဗျားသိလားခဗျ?" စုမင်မေးတယ်။

သူ့မှတ်ဉာဏ်ထဲရှိ မိဘမဲ့ဂေဟာသည် သိပ်မသဲကွဲဖြစ်နေ၏။ ထိုအချိန်မှစပြီး အချိန်အလွန်ကြာခဲ့လို့ဖြစ်မယ်။

သူ့ဇာတ်ကောင်သည် မူလက မိဘမဲ့ဂေဟာတွင် နှစ်အနည်းငယ်သာ နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ရံဖန်ရံခါသာ ပြန်လာခဲ့သည်။  လွန်ခဲ့သည့်နှစ်အနည်းငယ်အချိန်အတွင်း သူသည် ငွေပို့ရုံသာပို့ခဲ့ပြီး လူကိုယ်တိုင်မပြန်ခဲ့ပေ။

အခုလက်ရှိ မိဘမဲ့ဂေဟာကဘယ်လိုပုံစံရှိနေမလဲ သူမပြောတတ်ပေ။

ထိုအခိုက်အတန့် သူတို့အရှေ့တွင် လမ်းဘေးဆိုင်းဘုတ်ပေါ်လာ၏။

‘Happy House မိဘမဲ့ဂေဟာ’

အကွာ‌အဝေးက ၁ကီလိုမီတာဟုညွှန်းထားသဖြင့် နောက်မိနစ်အနည်းငယ်ဆို သူတို့ရောက်လောက်ပြီ။ စုမင်အသက်ပြင်းပြင်းရှူလိုက်မိသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now