Chapter 93

2.2K 435 28
                                    


Chapter 93: ရေပန်း

ရိုးရိုးသားသားပြောရလျှင် အရိုးစုလက်များက ချစ်စရာကောင်းသည်ကို စုမင်တွေ့လိုက်ရသည်။

တခြားသူတွေသိရင် သေတဲ့အထိ ကျေနပ်ကြလိမ့်မယ်။ သို့ပေမယ့် မမြင်နိုင်ဘဲ သူ့ကို မနာလိုစိတ်နဲ့သာ စိုက်ကြည့်နေနိုင်တယ်။

ပေါင်းနုတ်ရေးတာဝန်က နှစ်နာရီခန့်ကြာသည်။

ဒီတခါ စုမင်အလွန်အကျွံမလုပ်သော်လည်း သူ့တာဝန်က အခြားသူတွေထပ်ပိုကောင်းမွန်နေသေးသည်။ တစ်ဖန် သူ့ကိုမနာလိုစွာ ကြည့်နေမိကြသည်။

ခေါင်းများကိုရေတွက်သောအခါ မည်သူမျှမပျောက်ဆုံးဘဲ ဖုန်းရှုကျွမ့်၏အခန်းဖော်သည် လုံခြုံနေဆဲဖြစ်သည်။

အန္တရာယ်ရှိသည့်အရာများကို တွေ့ပုံမပေါ်ပေ။

ပြန်ရောက်ပြီးနောက် နေ့လည်စာအတွက်တန်းစီကြပြီး ဖုန်းရှုကျွမ့်က သူတို့ဘေးတွင်ရပ်ကာ .."အခုလောက်ဆို တစ်ခုခုဖြစ်နေလောက်ပြီထင်တာ ... ဒါမယ့် ငါခန့်မှန်းတာမှားသွားတယ်"

နောက်ဆုံးတခေါက်က သူတို့အလုပ်လုပ်နေစဉ် ဖြစ်ခဲ့သည်။

စုမင်က .."အခန်းထဲမှာ ဆံပင်ရှာတွေ့ခဲ့တာဆိုတော့ အခန်းထဲမှာတစ်ခုခုဖြစ်မယ်နဲ့တူတယ် အပြင်မှာမဟုတ်ဘဲ"

ယခုတစ်ကြိမ် အခြေအနေသည် ကတ်ကြေးကိစ္စနှင့် ဆင်တူပြီး အတိအကျတည်နေရာကို ဖော်ပြထားခြင်း မရှိပေ။

"ဖြစ်နိုင်တယ်" ဖုန်းရှုကျွမ့်မေးစေ့ပွတ်လျက် .."ဒါဆို ဒီနေ့နောက်ပိုင်း ငါ သူ့အနေထားကိုပိုပြီးအာရုံစိုက်သင့်တယ်"

ကံကောင်းစွာ အခန်းကကျဉ်းတာမို့ သူ့အခန်းဖော်ကိုအလွယ်တကူ မျက်ခြေမပျက်စောင့်ကြည့်နိုင်သည်။

"ဆံပင်ပေါ်လာတဲ့ပုံစံအရ သူဆံပင်နဲ့သေတော့မယ်လို့ ဆိုလိုတာလား?" ယင်းဇီမေးတယ်။

ဖုန်းရှုကျွမ့် သူ့ကိုတစ်ချက်ကြည့်ပြီး .."အဲ့ဒါလည်းကိစ္စတစ်ခုပဲ"

ဒီအထိ သူတို့ခန့်မှန်းနိုင်ရုံသာတတ်နိုင်ပြီး ဆံပင်၏ဆိုလိုရင်းကို သူတို့ဘာမှမသိကြပေ။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now