Chapter 73.2

3K 649 17
                                    

"ရှင်တို့ပြတင်းပေါက်ဘက်ခြမ်းက မီးဖိုဆောင်ကိုမျက်နှာမမူထားပေမယ့် ကျွန်မနဲ့ ဟန်ချင်းချင်းအခန်းပြတင်းပေါက် နောက်ဖေးကိုမြင်နေရတယ်လေ" ရွှီရိီရှောင်ရှင်းပြ၏ .."ဒီကနေ ရှောင်ချန်ပစ္စည်းအချို့ထုတ်ယူတာတွေ့ဖူးတယ်"

လက်ချောင်းပြတ်ကိစ္စမှာတုန်းက ဒီနေရာကို သူမသိပ်မတွေးခဲ့ပေ။ စုမင်သာ မပြောလာဘူးဆိုရင် ဒီနေရာကို သူမမှတ်မိမယ်မထင်‌။

စုမင်လှမ်းကြည့်လိုက်ပြီး .."လော့ခတ်ထားတယ်"

သူပြောလို့ပြီးတာနဲ့ ဆံညှပ်ကလစ်လေးကိုလှမ်းကမ်းပေးလာတယ်။

ရွှီရိီရှောင် .. “ကံကောင်းပါ‌စေ”

စုမင်: “……..”

ကလစ်ကိုတိတ်တဆိတ်သာ ယူလိုက်ကာ ခဏအကြာ 'ကလစ်'အသံဖျော့ဖျော့ဖြင့် သော့ဖွင့်နိုင်သွား၏။

စုမင်သတိထားပြီး တံခါးတွန်းဖွင့်လိုက်သည်။

အခန်းတွင်း၌ အေးစိမ့်ပြီးမှောင်မိုက်နေလေသည်။ ယန်ဂျင်းချိုင်သည် ဖုန်းမှ ဖလပ်စ်လိုက်ကိုဖွင့်ပြီး အခန်းအတွင်းဘက်ကို အလင်းရောင်ပေးလိုက်၏။

စုမင်ဝင်သွားပြီး .."အထဲဝင်ကြည့်ကြစို့"

ဤအခန်းထဲ၌ အသီးရွက်ရနံ့များရှိနေပြီး ပစ္စည်းတော်တော်များများတွေ့နိုင်သည်။ သစ်လွင်ပုံမပေါ်သော်လည်း အမှန်တကယ်စားစရာသိုလှောင်ခန်းဖြစ်သည်။

“ဟန်ချင်းချင်းဒီမှာလား?" ရွှီရိီရှောင်မေး၏။

သိုလှောင်ခန်း၌ စားစရာတင်မက အချို့အမျိုးမျိုးသောအရာတွေလည်းရှိပြီး စုစည်းမထားတာ‌ထင်ရှားသည်။
ရုပ်ရှင်ရုံရဲ့အရိပ်အမြွတ်က ဒီသိုလှောင်ခန်းကို ရည်ညွှန်းသလားဆိုတာ စုမင်မသေချာပေ။

ဟန်ချင်းချင်း သိုလှောင်ခန်းထဲမှာ မရှိရင်တောင်မှ အနည်းဆုံးအခြားသဲလွန်စတွေတော့ ဒီမှာကျန်ရှိနေလောက်မယ်။

ယန်ဂျင်းချိုင်ဝင်ရန် အသင့်ဖြစ်နေပြီ။ မြေကြီးပေါ်က အရာတွေကိုတွေ့တော့ မှတ်ချက်ပေးတယ် .."ဘယ်သူက ဒီလိုမျိုးစားစရာတွေဖြုန်းတီးရတာလဲ?"

To be a Heartthrob in a Horror Movie(Myanmar Translation)Donde viven las historias. Descúbrelo ahora