Chapter 95

1.6K 347 9
                                    


Chapter 95: မြူခိုးမြူငွေ့

စားပွဲ၌ လူသုံးဦးဖြစ်သော ဖုန်းရှုကျွမ့်၊ ယင်းဇီနှင့် စုမင်တို့ထိုင်နေကြသည်။

အကိုဟောင်အုပ်စုထဲမှ ညီဖြစ်သူက အချိန်အတော်ကြာ လှည့်ပတ်ရှာ‌ခဲ့ပြီးမှ ကျန်နှစ်ဦးဘက်လှည့်ပြီးမေး၏ .."မင်းတို့လိမ္မော်သီးယူလိုက်ကြတာလား?"

ဖုန်းရှုကျွမ့်က လက်တွေဖြန့်ကားပြပြီး .."ငါမဟုတ်ဘူးနော်"

သူတို့အားလုံးအကျဉ်းသားဝတ်စုံဝတ်ဆင်ထားတာမို့ ယူထားလား မယူထားဘူးလားဆိုတာ တစ်ချက်ကြည့်ရုံနဲ့တန်းသိနိုင်သည်။ အစ်ကိုဟောင်ညီဖြစ်သူ ကျောင့်ကျန်မှာအလွန်ဇဝေဇဝါဖြစ်သွားရသည်။

ထိုနေရာတွင် အတော်ကြာရစ်ဝဲရစ်ဝဲနေပြီးမှ အကိုဟောင်ထံသို့သာပြန်လာနိုင်သည်။

အကိုဟောင်၏နာမည်အပြည့်အစုံမှာ လီဟောင်ဖြစ်၏။ အစ်ကိုဟောင်သည် ကြမ်းတမ်းပြီး သန်မာသောလူတစ်ဦးဖြစ်ပြီး ပညာနည်းပါးသောကြောင့် ပညာတတ်အဖော်တစ်ဦးကို အမြဲရှာဖွေလိုခဲ့သည်။

သို့သော် အမျိုးသမီးတစ်ဦးတလေတောင်မရှိသည့် အကျဉ်းထောင်ထဲဝင်ခဲ့ရသည်။ ယောက်ျားတွေနဲ့ပဲနေခဲ့ရပြီး အချိန်တွေကြာလာတော့ လိုက်လျောညီ‌ထွေစွာနေတတ်လာပြီး အပေးအယူများဖြစ်လာကြသည်။

အစတည်းက သူသည် တစ်သက်တစ်ကျွန်းထောင်ကျခဲ့သည်ဖြစ်၍ ဤအကျဉ်းထောင်မှာ နေလာတာသက်တမ်းအကြာဆုံးသူဖြစ်သည်။ ဒီမှာနေထိုင်စဉ်မှာ သူ့အမြင်အာရုံတွေကို ဖမ်းစားနိုင်တဲ့စုံတွဲတစ်တွဲသာရှိပြီး သူ့ကိုယ်သူ တလိုတလားတင်ပြလာသူ အနည်းငယ်သာ ရှိခဲ့တယ်။  သို့သော် သူသည် သူတို့ကို သိပ်ဂရုမစိုက်ပေ။

စုမင်ရောက်လာတဲ့အချိန်မှာ အစ်ကိုဟောင်စိတ်လှုပ်ရှားလာခဲ့သည်။ သူက ကြည့်ကောင်းပြီး အတော်လေးအံဝင်ခွင်ကျဖြစ်ပုံရသည်။ တစ်ချိန်တည်းမှာပင် သူသည် တက္ကသိုလ်ကျောင်းသားဖြစ်ရမည်ဟုပြောနိုင်သည်။ ဒါက သူ့ရဲ့ စံပြလက်တွဲဖော် မဟုတ်ဘူးလား?

ကျောင့်ကျန်တီးတိုးလေးဖြင့် .."အစ်ကိုဟောင် လိမ္မော်သီးပျောက်သွားတယ်"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now