Chapter 110

1.1K 190 2
                                    


Chapter 110: ပင်လယ်ပြင်

သူတို့ ရုပ်ရှင်ရုံရောက်သည့်အချိန် အလွန်နောက်ကျနေလေပြီ။

ထိုနေရာသို့ လျှောက်လာရင်း စုယင်းသည် Escapeခန်းများနှင့်ပတ်သက်သော အတွေ့အကြုံများကို စုမင်အား ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

စုမင်ပြုံးလျက် သေသေချာချာနားထောင်ပေး၏။
ညအချိန်၌ ဤထိတ်လန့်ဖွယ်ဇာတ်ကားတစ်ကားသာ ထုတ်လွှင့်ပြီး ကျန်တဲ့ဇာတ်ရုံမရှိပေ။

စုယင်းကို စုမင်ခေါ်လာသည့်ချိန် လူတော်တော်များများမရှိချေ။ အများစုသည် ရိုမန့်ကားကြည့်ပြီးထွက်လာကြသည့်သူများသာဖြစ်၏။

ပင်မခန်းမရှိ ‘တစ္ဆေသင်္ဘော’ ပိုစတာအတွက်၊ ၎င်းသည် အတွင်းဆုံး၌ဖြစ်သည်။ အနီးကပ် စွန့်စားပြီးမှသာ အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဖြစ်သည်။

ပင်လယ်ပြင်တွင် လူအများအပြားရှိ၍ ကင်မရာနှင့်ဝေးရာသို့ မျက်နှာမူကာ ရပ်နေကြ၏။ သူတို့နှင့် ဆန့်ကျင်ဘက်တွင် အပျော်စီးသင်္ဘောကြီးတစ်စင်းသည် တဖြည်းဖြည်းနီးကပ်လာသည်။

ဇာတ်ကားနာမည်ကဲ့သို့ပင်။

ဟောခန်း၌ သူတို့ကို ရှောင်ဟဲ အတန်ကြာစောင့်လိုက်ရသည်။

သူတို့ရောက်လာတာမြင်တော့ သီးသန့်ယူထားသောရုပ်ရှင်လက်မှတ်နှစ်စောင်ကိုကိုင်ဆောင်လျက် သူတို့ဆီလျှောက်လာသည်။
"မစ္စတာစု နောက်ဆုံးရောက်လာပြီပဲ၊ နောက်မိနစ်အနည်းငယ်ဆို ရုပ်ရှင်စတော့မှာ"

"နည်းနည်းဝေးလို့ပါ" စုမင်ပြောလိုက်၏။

သူတို့အား လက်မှတ်တွေပေးပြီးနောက် .."ခင်ဗျားတို့ တန်းဝင်သွားလို့ရပါပြီ၊ ဒီည လူတွေသိပ်မရှိဘူး"

စုမင်လက်မှတ်ယူကာ .."ကျေးဇူးပါပဲ"

လက်မှတ်၌ နောက်မိနစ်အနည်းငယ်အတွင်း စတင်ပြသတော့မည့် ‘တစ္ဆေသင်္ဘော’ရုပ်ရှင်အား ရည်ညွှန်းထားသည်။

စုယင်း၏ ပထမဆုံးအကြိမ် holographicဖြင့် ကြည့်ရှုရမည်ဖြစ်သောကြောင့် သဘောတူညီကြောင်း လက်မှတ်ရေးထိုးရသည်။ သူမ၏အုပ်ထိန်းသူအနေနဲ့၊ နောက်ဆုံး၌ စုမင်လည်းလက်မှတ်ထိုးခဲ့ရသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now