Chapter 103

1.9K 339 23
                                    


Chapter 103: ရင်းနှီးကျွမ်းဝင်မှု

စုမင် သတိထားပြီး နောက်ခြေလှမ်းဆုတ်လိုက်သည်။

အပြင်ရှိ ထောင်စောင့်ကထွက်မသွားသေးဘဲ သူထွက်လာတာမြင်တော့ သတိအနေအထားဖြင့် မေးလာ၏ .."မင်းဘာလုပ်နေတာလဲ? ဘာလို့မဝင်သေးတာလဲ? မင်းငါးမိနစ်ပဲအချိန်ရတာနော်"

"မင်း လူမှားပြီး ငါ့ကိုခေါ်လာတာလား?" စုမင်မေးသည်။

ဘာလို့ဆို နောက်ထပ်အခန်းတစ်ခန်းရှိနေသေး၍ သူပဲအမှားလုပ်မိတာလားဟု စုမင်တွေးမိသည်။

ထောင်စောင့်က သူ့ကိုမာဆတ်ဆတ်ပြော၏ .."မမှားဘူး ... ဒီတစ်ခုပဲ။ မင်းမသွားချင်ဘူးဆိုရင် မင်းအခန်းပြန်ပြီးငါ့သော့ခတ်ပေးနိုင်တယ်"

ထို့နောက် စုမင်မေးတယ် .."ငါ့ကိုဘယ်သူလာတွေ့လဲ မင်းသိလား?"

ထောင်စောင့် တခဏပေါ့ပေါ့ပါးပါးတွေးလိုက်ပြီး ဖြေ၏ .."မင်းမိသားစုကလွဲလို့ ဘယ်သူဖြစ်နိုင်မှာလဲ? မင်းမိန်းမလို့ငါထင်တယ်"

စုမင် “………”

သူ့ဇာတ်ကောင်က ကျောင်းသားပဲရှိသေးပြီး သူ့တွင်ချစ်သူတောင်ရှိပေ။ ဘယ်လိုလုပ် သူ့ကိုလာတွေ့တဲ့ဇနီးရှိမှာလဲ?

ထောင်စောင့်စိတ်မရှည်တော့ဘဲ .."မင်းဝင်မှာလား မဝင်ဘူးလား? မဝင်ရင် ငါမင်းကိုပြန်ပို့ရမယ်"

စုမင်က .."ဝင်မယ်"

ထောင်စောင့်က သူထွက်ပြေးမည်စိုး၍ ဂရုတစိုက်စောင့်ကြည့်နေသည်။ စုမင်ရွေးချယ်စရာမရှိတော့ဘဲ အခန်းထဲပြန်ဝင်လာသည်။

ခုနသူဝင်ခဲ့သည့်ပုံစံအတိုင်းပင်။

စုမင်သည် ဤတစ်ကြိမ်တွင် အနည်းငယ်ဉာဏ်ကောင်းစွာ တံခါးဘေးရှိနံရံကို ထိစမ်းလိုက်သည်။ မီးခလုတ်ကိုမတွေ့၍ အမှောင်ထဲတွင်သာ လှည့်ပတ်ပြီး လျှောက်သွားနိုင်သည်။

မထင်မှတ်ပဲ သူဝင်လာသည်နှင့်တစ်ပြိုင်နက် တံခါးပိတ်သွားသည်။

စုမင်တုန်လှုပ်သွားသည်။ ထို့နောက် ရုတ်ခြည်း အနောက်ကနေဆွဲခံရပြီး ရင်ခွင်ထဲပွေ့ဖက်ခံလိုက်ရသည်။ ဖော်မပြနိုင်သောသင်းပျံ့သည့်ရနံ့သည် သူ့နှာခေါင်းဝတွင်ရစ်ဝဲလာ၏။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now