Chapter 97

1.6K 345 12
                                    


Chapter 97: တောင်းဆိုချက်

ရိုးရိုးသားသားပြောရရင် မှတ်တမ်းစာရင်းတွေထဲက လက်ရေးများသည် အလွန်ရှုပ်ပေပွနေ၏။

ဆရာဝန်တွေရဲ့လက်ရေးများနှင့် ဆင်တူသည်။

ထိုကဲ့သို့ ပေပွရှုပ်ထွေးစွာ ရေးတဲ့သူ့ရဲ့ ပရော်ဖက်ဆာကျေးဇူးကြောင့် ထိုစကားလုံးများကို စုမင်ကောင်းကောင်းနားလည်သည်။ သူ့ပရော်ဖက်ဆာကြောင့်သာ မဟုတ်ရင် ဆိုလိုရင်းတွေကိုနားလည်နိုင်မည် မဟုတ်ပေ။

ဘာလို့ထိုစကားလုံးများကို ဝိုင်းထားပြီး သော့ချက်လို့မှတ်သားထားလဲ စုမင်မသိချေ။

ယင်းကား အရေးကြီးသည်ဟု စုမင်အတွေးယဲ့ယဲ့လေးတော့ရှိ၏။ ဒါ့အပြင် သေသေချာချာကိုဝိုင်းထားပြီး မှတ်ထားတာလည်းဖြစ်သည်။ သူမှန်သည်လား မှားသည်လားကိုတော့ အချိန်သာလျှင် ပြောပြသွားလိမ့်မည်။

ဤအခိုက်တန့်တွင် အနီးစပ်ဆုံးသူခန့်မှန်းနိုင်သည်က ထိုသူတို့ကို လက်တွေ့သုတေတနလုပ်ချင်တာကြောင့်ဟုပင်။

ဒါ့အပြင် horrorရုပ်ရှင်တွေထဲမှာ ကြုံတွေ့နေကျဖြစ်သည့် အခန်းကဏ္ဏဖြစ်သော်လည်း အဓိကမေးခွန်းက စမ်းသပ်ဓာတ်ခွဲခန်းဘယ်မှာလဲ ... ဘာလို့အကျဉ်းထောင်ထဲမှာ စမ်းသပ်ခန်းကိုထားရတာလဲ?

ထိုမေးခွန်းများက အဖြေမဲ့မေးခွန်းတွေသာ။

စုမင် စာရွတ်စာတမ်းကိုပြန်ချလိုက်ပြီး နောက် အောက်အထပ်ရှိ ဖိုင်အထူကြီးကိုကောက်ယူလိုက်သည်။

အောက်စင်ရှိ ဖိုင်တွဲများသည် ‌အပေါ်တစ်ခုထက် အနည်းငယ်ပို၍ဟောင်းနေ၏။ ၎င်းတို့သည် ထောင်တွင်းရှိ အရင်လူဟောင်းများ၏ ဖိုင်များဖြစ်ပြီး ယခင်က သူ မမြင်ဖူးသော အချို့ဖိုင်များရှိသည်။

သူ မမြင်ဖူးတဲ့သူတွေက သေသွားခဲ့ပြီလို့ ခန့်မှန်းမိသည်။

ဤဖိုင်များက ခုနတစ်ခုနဲ့ကွဲပြားပြီး သူတို့တွင်တပ်ထားသောအမှတ်အသားကဒ်များသည် ပို၍ဟောင်းနေပြီး သူတို့၌လည်း ခွန်အားနဲ့ အမြင်အာရုံကဲ့သို့ မတူညီတဲ့နေရာမျိုး၌ အဓိကသော့ချက်အနေနဲ့ မှတ်သားထားတယ်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now