Arc 2: လူသတ်ကျွန်း
Chapter 18: ဖိတ်ကြားခြင်းရုပ်ရှင်ကြည့်ပြီးတဲ့လူတော်တော်များများ ဟော့ပေါ့စားသောက်ဆိုင်မသွားကြပေ ... ဒါ့ကြောင့် စုမင်လွတ်လွတ်လပ်လပ် နှောင့်ယှက်မှုကင်းစွာ စားသုံးခဲ့ကာ သူ့တစ်ကိုယ်လုံး ဟော့ပေါ့နံ့တောင်ထွက်နေလေပြီ။
ကျောင်းပြန်ရောက်တော့ စုမင်၏ group chatတစ်ခုလုံး သူ့ကို မန်ရှင်းခေါ်ထားကြတယ်။
"သည်းထိပ်ရင်ဖိုတက္ကသိုလ် ဇာတ်လမ်းကိုပြောင်းလိုက်တဲ့တစ်ယောက်က စုမင်တဲ့ ... အဲ့တာငါတို့ကျောင်းက ထိပ်ဆုံးကျောင်းသားမလား?"
"ငါသွားကြည့်ပြီးပြီ ... သူပဲဟ-"
"အိုမိုင်ဂေါ့ ... စုမင်မှာ စူပါပါဝါများရှိသလား? horrorရုပ်ရှင်မှာ အသက်ရှင်ရတာ ဘယ်လိုခံစားရလဲ ငါသွားမေးချင်လိုက်တာ"
"အဲ့တာထက်ဆိုင်ရင် သရဲနဲ့အိပ်ရတာ ဘယ်လိုခံစားရလဲ မေးချင်တယ်
@ပေါ်လီမာရုပ်ပိုင်းဆိုင်ရာသိပ္ပံနှင့်အင်ဂျင်နီယာအတန်း၂စုမင်""မိန်းကလေးအဆောင်မှာ မင်းဘာချောင်းလုပ်နေတာလဲ ငါသိချင်တယ် @ပေါ်လီမာရုပ်ပိုင်းဆိုင်ရာသိပ္ပံနှင့်အင်ဂျင်နီယာတန်း၂စုမင်"
စုမင် သေချင်ယောင်ဆောင်လိုက်ပြီး မဖြေပေ။
သူပြန်မဖြေပေမယ့်လည်း အတန်းသွားဖို့လိုသေးတယ်။ အတန်းသွားတတ်တာနဲ့ သူဆိုရင် သူတို့အားလုံးသိကြမှာပဲ ... ဘာပဲဖြစ်ဖြစ် သူ့မှမျက်နှာမပြောင်းနိုင်တာ ...
ထိုစဥ် စုမင်သည် ကျောင်းဝင်းတွင် ပေါ်ပြူလာအဖြစ်ဆုံး ဖြစ်လာခဲ့သည်။
အချိန်တိုင်း သူအတန်းသို့ စောစောရောက်လျှင် သူအတန်းဖော်များသည် တမင်သက်သက် အင်တာနက်ပေါ်က ကွန်မန့်တွေကို အာကျယ်ကျယ်ဖြင့် သူမကြား ကြားအောင်ဖတ်ပြပြီး သူ့ခေါင်းထဲသွင်းလေသည်။
သူ့ပရော်ဖက်ဆာတောင် အတန်းမစခင် ထိုအကြောင်း တစ်ကြိမ်ပြောဖူးခဲ့သေးတယ်။
ဘယ်လောက်ပဲ စုမင်လေးနက်ပါစေ ... မနေနိုင်စွာ ရှက်မိသည်။ ထိုအချိန်မှ စ၍ သူ သင်ခန်းစာများပြီးဆုံးပြီးနောက်ချက်ချင်းထွက်ခွာရန် မနှောင့်နှေးတော့ပါ။

VOCÊ ESTÁ LENDO
To be a Heartthrob in a Horror Movie(Myanmar Translation)
Mistério / SuspenseOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...