Chapter 101

1.7K 319 1
                                    


Chapter 101: မိဘများ

လီဟောင်အရင်အစပြု၍ စုမင်တို့ဆီလျှောက်သွားတာကို လူတော်တော်များများက မြင်ပြီး အားလုံးလိုက်ကြည့်ကြတယ်။

လီဟောင်သည် ဤကဲ့သို့သော အာရုံစိုက်မှုကို ကျင့်သားရနေပြီဖြစ်ပြီး ဘာမှမခံစားရပေ။ စုမင်၏ စကားကို တုံ့ပြန်ခဲ့သည် "ရပါတယ်!"

သူသည် အလွန်ဝီရိယတက်ကြွပြီး ပြတ်သားသောလေသံဖြင့် ပြောဆိုခဲ့သည်။ သူဒီလိုပြောတဲ့အခါ ခွန်အားတွေ အများကြီးသုံးနေသကဲ့သို့ စုမင်လည်း သူ့ခေါင်းက သွေးပြန်ထွက်လာမှာကိုတောင် ကြောက်ရွံ့နေခဲ့တယ်။

ဖုန်းရှုကျွမ့်က ရယ်သံကို ထိန်းထားဖို့ မနည်းကြိုးစားလိုက်ရသည်။

အစ်ကိုဟောင်ဟာ မြေအောက်ကမ္ဘာထဲကသူတွေလို ဖြစ်လိမ့်မယ်လို့ သူထင်ခဲ့ပေမဲ့ အခုချိန်မှာတော့ သူက နည်းနည်းတုံးအပုံပေါ်နေပြီး လုံးဝမကယ်နိုင်တော့ဘူးလို့ မြင်မိတယ်။

စုမင်ခပ်ဖျော့ဖျော့ချောင်းဟန့်ကာ .."နောက်ထပ် ဘာလိုသေးလို့လဲ?"

လီဟောင်သည် အခန်းအနှံ့စကင်န်ဖတ်လိုက်သည်။ သူတို့ရဲ့တုံ့ပြန်မှုကို တိတ်တဆိတ်စောင့်ကြည့်နေကြပြီးလူတွေက အဝေးကို အလျင်အမြန်ကြည့်လိုက်ကြသည်။

ထို့နောက် ပြန်လှည့်လာပြီး အသံနိမ့်နိမ့်ဖြင့် ..“ဒီနေ့နေ့လည်မှာ ဘယ်သူက ငါ့ကိုတွန်းခဲ့တာတွေ့လဲ”

တစ်စုံတစ်ခုမမှန်ဘူးလို့ ခံစားမိပေမယ့် သူ့ရဲ့ ပထမဆုံး ကောက်ချက်ကတော့ ဒါဟာ လူသားတစ်ယောက်ရဲ့ လုပ်ဆောင်မှုတစ်ခုပဲ ဖြစ်တယ်။

စုမင်က .."မတွေ့ဘူး"

လီဟောင်ထပ်ပြောတယ် .."မင်းတကယ်ဘာမှမမြင်ခဲ့ဘူးလား?"

စုမင်လေးလေးနက်နက်တခဏပြန်တွေးကာ ဖြေပေးသည် .."ငါမမြင်လိုက်တာရယ်လို့မဟုတ်ဘူး ... မင်းကိုဘယ်သူတွန်းလဲသာ ငါမမြင်တာ"

လီဟောင်မချင့်မရဲဖြင့် .."အဲ့ဒါသောက်ကျိုးနည်းအတူတူပဲမဟုတ်ဘူးလား?"

"ဟုတ်တာပေါ့ ကွာတယ်လေ" တဖက်မှာထိုင်နေတဲ့ ဖုန်းရှုကျွမ့်က ဝင်ပြီး အကြံပေးလာတယ် .."အဲ့နှစ်ကြောင်းရဲ့အဓိပ္ပာယ်က လုံးဝအကွာကြီး"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now