Chapter 70

2.1K 550 15
                                    


Chapter 70: ဓာတ်ပုံ

ရွှီရီရှောင်ကို ယန်ဂျင်းချိုင်ခေါ်သွားပြီးနောက် စုမင်ပို၍စိတ်အေးသွားရသည်။

အလွန်စိတ်ကူးယဉ်တက်‌သော အတွေးများဖြင့် ထိုဇာတ်လိုက်အမျိုးသမီးကြောင့် သူ အနည်းငယ်အာစေးမိသွားခဲ့သည်။

တတိယမြောက်အထပ်ကို သူတို့ရောက်တော့ ယန်ဂျင်းချိုင်ရပ်လိုက်၏။
"ငါတို့ရောက်ပြီ"

သူတို့ ဒုတိယထပ်မှာနေပြီး တတိယထပ်ကိုလာဖို့ အခွင့်ရေးမရရှိပေ။ လှေကားခွင်မှ လျှောက်ထွက်လာပြီးနောက် သော့ပိတ်ထားသည့်အခန်းများကိုတွေ့လိုက်ရသည်။

အောက်ထပ်နှင့်မတူတာက ဒီမှာတံခါးအနည်းငယ်သာ ရှိသည်။ ညာဘက်ရော ဘယ်ဘက်ရော နှစ်ဖက်လုံး အောက်ထပ်ထမင်းစားခန်းနှင့် ဆက်စပ်နေသည့် အခန်းများမှာ သော့ခတ်ထားသည်။

လွန်ခဲ့သောဆယ်နှစ်ခန့်က ဤနေရာ၏မှတ်ဉာဏ်မှာ အလွန်မှေးမှိန်နေ၏။

ယန်ဂျင်းချိုင် နည်းနည်းတော့ပြန်မှတ်မိရန် ကြိုစားသည်။
"ငါတို့ငယ်ငယ်တုန်းက တတိယထပ်ကိုလာဖူးတယ်နဲ့တူတယ်"

စုမင်မှတ်ဉာဏ်အများကြီးမရရှိသော်လည်း လိုအပ်သည်တော့ပိုင်ဆိုင်ထားသည်။
"ဟုတ်တယ် ... ငါတို့တူတူပုန်းတမ်းကစားကြတုန်းက"

သူတို့ငယ်စဉ်အခါက သူတို့မှာဘာမှမရှိ။ ဒီလိုဂိမ်းတွေသာ ကစားနိုင်ကြသည်။

သူ့ဇာတ်ညွှန်းအရ ယန်ဂျင်းချိုင်နဲ့ စုမင်တို့ဆက်ဆံရေးတိုးတတ်ခဲ့ကြပြီးနောက် ဂိမ်းအတူတူကစားကြတာများပြီး အခြားကလေးတွေလည်းရှိကြသည်။

တူတူပုန်းတမ်းကစားနည်းသည် လူတစ်ယောက်ဘယ်လောက်ကောင်းကောင်းပုန်းနိုင်သလဲအပေါ်မူတည်သည်။

မိဘမဲ့ဂေဟာမှာ ကလေးတွေပုန်းဖို့ နေရာအနည်းအကျဉ်းသာရှိပြီး သူနဲ့ ယန်ဂျင်းချိုင်က အဲ့ထဲကအများအပြားပုန်းခဲ့သည်။ သူတို့ပုန်းစရာနေရာမရှိတော့မှ တတိယထပ်ကိုတက်လာခဲ့ကြသည်။

သို့ပေမဲ့ ထိုအချိန်က သူတို့အလွန်ငယ်သေးသဖြင့် တစ်ခုခုတွေ့ခဲ့ရင်တောင် သူတို့မသိကြပေ။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now