Chapter 113: အမျိုးသမီးအဝတ်အစားစုယင်းယုံကြည်မှုရှိရှိပြောခဲ့သည်။ စုမင် တခဏတစ်ချက်လှမ်းကြည့်ပြီး အတန်ငယ်မျက်မှောင်ကျုံ့လိုက်သည်။ ဘယ်တုန်းက တဖက်လူပေါ်လာခဲ့တာလဲ။
အစောတုန်းက ထိုနေရာတွင်ဘယ်သူမှရှိမနေတာ သူသေချာသည်။
စောနက အခန်းလယ်မှာကနေသည့်သူတွေသည် ထိုကဲ့သို့ဂါဝန်မျိုး ဝတ်ဆင်ထားသူမရှိပေ။ ရုတ်တရက်ကြီး သရဲပေါ်လာတာလား?
ခဏကြာအကဲခတ်ပြီးနောက် သူ့မေခွန်း၏အဖြေကိုရှာမရပေ။ ထို့နောက် သူကိုယ်ခန္ဓာလှည့်လိုက်သည်။
သူတောင့်ခဲသွား၏ .."ချန်စု?"
သူ့ရှေ့မှာ ရပ်နေသောအမျိုးသမီးက အလွန်လှပ၏။ သူမ၏ဆံနွယ်များသည် လေထဲတွင်လွင့်ပျံ့နေကာ ၀တ်စားဆင်ယင်မှုနဲ့ လိုက်ဖက်စွာ နူးညံ့သိမ်မွေ့တဲ့ မိတ်ကပ်လိမ်းခြယ်ထားပြီး လည်ပင်းမှာ ဆွဲထားသည့်လှပသောလည်ဆွဲတောင်ရှိသေးသည်။
ပြဿနာက……..ထိုမျက်နှာသည် ချန်စုနဲ့ဆင်တူ၏။
နောက်ဆုံးတခေါက် ချန်စုသည် အလွန်ကိုချောမောကြည့်ကောင်းပြီး သူ့ရှေ့ကတစ်ယောက်သည် အလွန်ပင်ထူးကဲစွာ လှပ၏။ မိတ်ကပ်လိမ်းထား၍ကြောင့်လား သူမသိပေ။
"ကျွန်မတို့ကကြမလား?"
လှပသောအမျိုးသမီးပြောလာ၏။ခဏကြာမျှ ထိုနေရာတွင် စုမင်ရှော့ခ်ရစွာ တောင့်တောင့်ကြီးရပ်နေမိသည်။ ထိုအမျိုးသမီး၏ အသံထဲတွင် သူ့(ချန်စု)အသံ အရိပ်အယောင်များ ရှိနေသေးသည်။ သူ့မျက်နှာကို လက်မနှင့်လက်ညိုးဖြင့်ဖိညှပ်ပြီး .."ဒါအစစ်လား?"
၎င်းသည် အခွံသက်သက်ဖြစ်နိုင်သည်ဟု တွေးမိသည်။
ချန်စု “……….”
စုမင် ရေအချို့သောက်လိုက်သည်။ ဤတခါ သူရခဲ့သည့်ရှော့ခ်သည် မသေးပေ။ သူဂရုတစိုက်မေး၏ .."ဒါမယ့် ဘာလို့ ရုတ်တရက်ကြီး ခင်ဗျား အမျိုးသမီးလိုဝတ်ထားတာလဲ…..…"
နောက်ပြီး ဇာတ်လိုက်အမျိုးသမီးတွေထက်တောင် ပို၍ကြည့်ကောင်းနေ၏။
ချန်စုက .."သေချာတာပေါ့ ကိုယ်မင်းနဲ့ကဖို့အတွက်လေ"
သူသည် အလွန်သင့်လျော်သည့် အကြောင်းပြချက်တစ်ခုအလား ပြောခဲ့သည်။

YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...