Chapter 107

1.1K 249 16
                                    


Chapter 107: ဗွီဒီယို

ဇာတ်ရုံကိုပြန်ရောက်လာသည်နှင့် စုမင်မျက်လုံးများကို ဖွင့်လိုက်သည်။

သူ့ရဲ့ခေါင်းဆောင်းကိုချွတ်လိုက်သည်။ အနီးနားတွင်ရှိသော စုံတွဲတစ်တွဲ၏ ကောင်လေးသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေကာ ဟောက်သံမှာအလွန်ပင်ကျယ်လှသည်။

သူ့ကြည့်ရသည်မှာ သူ့ကောင်မလေးထံမှ ဆူပူရိုက်နှက်မှာကိုကြောက်ရွံ့‌ပုံမ‌ပေါ်ပေ။

ဇာတ်လမ်းဆုံးသည့်အခါ မီးတွေပြန်လင်းလာပြီး သန့်ရှင်းရေးသမားတွေလည်း ဝင်လာကြသည်။

ကျန်တာတွေကို စုမင်စောင့်ကြည့်နေပြီးမှ ထလာသည်။

ဒီတခါ ဝန်ထမ်းလေးမပေါ်ပေ။ သူ့ခေါင်းဆောင်းကို ခုံပေါ်တွင်သာ တင်ထားခဲ့ပြီး ရုပ်ရှင်ရုံ၏ထိုင်ခုံအတန်းများကြားရှိ လမ်းကျဉ်းလေးမှလျှောက်၍ ထွက်ခွာလေသည်။

ပွတ်လောရိုက်သံတွေကြားမှ ကောင်မလေးရဲ့ပြင်းပြင်းထန်ထန်အပြစ်တင်သံကိုကြားလိုက်ရသည် .."ကျွန်မ ရှင့်ကိုအိပ်ဖို့အတွက် ရုပ်ရှင်ကြည့်ခေါ်လာတာမဟုတ်ဘူးနော်"

ကောင်လေးက အမြန်ခွင့်လွှတ်ပေးရန်တောင်းဆိုတော့သည် .."ကိုယ်မှားသွားပါတယ် ...…ဒါပေမဲ့ သေသွားရင် ကိုယ်မှပြန်ဝင်လို့မရတော့တာ"

"ဘယ်တော့မှရုပ်ရှင်ကြည့်ဖို့ မချိန်းနဲ့တော့" အမျိုးသမီးကထပ်ပြောလာ၏ .."ရှင်နဲ့ ရုပ်ရှင်ကြည့်ရတာ ပျော်စရာမကောင်းဘူး"

သူမထပ်အရင်သေရုံမက အိပ်ပါပျော်နေသေးတယ်။

ဒီ‌ဇာတ်လမ်းတွင် အီစတာဥမပါဘဲ ဇာတ်လမ်းနောက်ကွယ်ကအတိုအထွာလေးအချို့သာပါ‌ဝင်သည်။

စုမင်ကတော့ စိတ်မဝင်စားတော့ပေ။

သိပ်မကြာ ရုပ်ရှင်ရုံဟောခန်းကိုရောက်သည့်အခါ အပြင်၌ ရှောင်ဟဲကိုတွေ့လိုက်ရသည်။ သူ့ကြည့်ရတာ ဝင်တော့မည့်ဟန်ရှိသည်။

သူ့ကိုတွေ့တော့ အမြန်ပြောလာတယ် .."မစ္စတာ စု"

စုမင် သူ့နားလျှောက်လာပြီး .."တစ်ခုခုလိုလို့လား?"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now