Chapter 67

2.8K 571 44
                                    


Chapter 67: အက်ဆီးဒင့်

ယခုချိန် ညနေခင်းဖြစ်ပြီး အပြင်ရှိကောင်းကင်ယံသည် မှောင်မဲနေလေပြီ။

ကလေးမလေးဆီက အန္တရာယ်အငွေ့သက်‌တွေကို စုမင်မခံစားရသဖြင့် သူမက သူ့ကိုနှစ်သက်လို့ကြောင့်ပဲလားတော့ သူ မသိပေ။

"သမီးနာမည်ဘယ်လိုခေါ်လဲ?" စုမင်မေးတယ်။

"မင်ချန်ပါ"
ကလေးမလေးက သိမ်မွေ့စွာ‌တုန့်ပြန်၏။

နည်းနည်းထူးဆန်းသော်လည်း အဆင်ပြေပါတယ်လို့ စုမင်ခံစားမိသည်။ အနည်းဆုံးတော့ မင်မင်နာမည်လိုမျိုး စိတ်ဓာတ်ကျစရာကောင်းတဲ့ခံစားချက်မပေးလို့။

"ဘာဂါဝန်လေး ပျောက်သွားတာလဲ" စုမင်ထပ်မေးတယ်။

အဆောက်အဦး၏ ဒီဘက်ခြမ်းမှာ အခန်းပေါင်းဒါဇင်များစွာရှိပြီး တဖက်ကအခန်းတွေ‌ပါ ရေတွက်လိုက်ရင် ဒီ့ထက်မကရှိသည်။

မင်ချန်ဖော်ပြ၏ .."ပန်းရောင်…..ပန်းပွင့်ဖတ်လေးတွေနဲ့……..ပြီးတော့ ဇာပန်းလှလှလေးတွေအများကြီး ပြီးတော့ အများကြီး…..."

သူမ ကောင်းကောင်းမဖော်ပြနိုင်ဘဲ ထိုစကားလုံးတွေသာ ပြောနိုင်ခဲ့သည်။

ထိုလက္ခဏာတွေကို စုမင်မှတ်သားထားပြီး ပထမထပ်ဆီ သူမကိုခေါ်သွားသည်။

အခန်းတစ်ခန်းချင်းစီတိုင်းစစ်ဆေးသော်လည်း တံခါးမပွင့်၍ နောက်တစ်ကြိမ် အပေါ်ထပ်ပြန်တက်သည်။

ဒီတခါ အပေါ်ထပ်၌ ပြောင်းလဲမှုဖြစ်ပွားခဲ့တယ်။

ကော်ရစ်ဒါအဆုံးရှိ ပြတင်းပေါက် အပြင်ဘက်တွင် လှပသောဂါဝန်တစ်ထည် လေထဲလွင့်ပါနေတယ်။

ယခင်က ထိုနေရာမှာ သိသာထင်ရှားစွာ မရှိသော်လည်း အခုရုတ်တရက်ပေါ်လာကာ သေချာပေါက်ပုံမှန်မဟုတ်ပေ။
သို့ပေမဲ့ မင်ချန်ထူးဆန်းတာကို မသိဘဲ သူမ ညွှန်ပြကာ ဝမ်းသာစွာပြောတယ် .."အဲ့ဒါသမီးဂါဝန်ပဲ"

စုမင် စိတ်ထဲမှာအလွန်ထူးဆန်းနေတာကို တွေ့လိုက်ရတယ်။ အစက သူ ဂါဝန်ကို ရှာမတွေ့နိုင်ဘဲ ကလေးမလေးရဲ့ဒေါသကြောင့် သတ်ခံရမည်ကို စိုးရွံ့ခဲ့သည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now