[Arc 5 END] Chapter 108

1.3K 242 8
                                    


Chapter 108: ဖုန်းကောလ်

စုမင် ‌အဆောင်ပြန်ရောက်သည့်အချိန် အပူပေးစက်ဖွင့်ထားပြီးသားဖြစ်နေ၏။

သူ အပေါ်ထပ်ဂျက်ကတ်ကို ချွတ်လိုက်သည်။ ကုတင်ပေါ်တွင် ကွေးနေသောလီဝမ်ရှင်းမှာ နိုးလာသည် .."မင်း စားပြီးပြီလား?"

"မစားရသေးဘူး" စုမင်ပြော၏။

လီဝမ်ရှင်း ရုတ်ခြည်းစိတ်လှုပ်ရှားလာပြီး သူ့စားပွဲ၌ရှိသော ထမင်းအိုးအသေးလေးကို ညွှန်ပြလျက် .."ငါ ဆန်ပြုတ်လုပ်ထားတယ် ... မင်းရော စားချင်လား?"

စုမင် တစ်ချက်လှမ်းကြည့်ပြီး .."မင်းဘဝကတော့ တကယ့်ကိုရိုးရှင်းလိုက်တာ"

"ဆောင်းရာသီလေကွာ ... မှာစားဖို့နေနေသာသာ အပြင်တောင်မထွက်ချင်တာကို"
လီဝမ်ရှင်း ကုတင်၌ပြန်လှဲချလိုက်ပြီး .."မကြာခင် ရတော့မယ် ... မင်းဗိုက်ဆာနေရင် အရင်စားနှင့်လေ ... အာ့တာနဲ့စားဖို့ အရွက်အချို့လည်း ဝယ်ထားသေးတယ်"

စုမင် ကောင်းပြီ ဟုပြောလိုက်သည်။

ထမင်းအိုးသည် မိနစ်ပိုင်းတောင်မကြာ ချက်ပြီးနေပြီ။ ဆက်တင်သည် ‘နွှေးထားသည်'ဆိုသည့် ခလုတ်သို့ အလိုလျောက်ပြောင်းသွား၏။

သို့သော် စုမင်ဗိုက်မဆာသေးပေ။ အရင်ဆုံး ကွန်ပြူတာကိုဖွင့်လိုက်ပြီး နောက်ဆုံးသင်ခန်းစာကို လျင်မြန်စွာ ပြန်လည်လေ့လာခဲ့ပြီးနောက် ဖုန်းဘေဆောင်လိုက်သည်။

ထိုသို့လုပ်စရာရှိတာတွေ လုပ်ပြချိန်၌ အချိန်အတော်ကြာသွားခဲ့၏။

စုမင် နောက်ဆုံး၌ထမင်းအိုးကိုဖွင့်လိုက်သည်။

ဘဝကို ဘယ်လိုကောင်းကောင်းမွန်မွန်ဖြတ်သန်းရမလဲဆိုတာ လီဝမ်ရှင်းသိနေတာပဲ။ ဤဆန်ပြုတ်တွင် ထမင်းတစ်မျိုးတည်းနှင့်ချက်တာ မဟုတ်ဘဲ ခရမ်းရောင်ဆန်ပါရှိနေသေးသည်။ မြေပဲများနှင့် စွံပလွံသီးများပါ ထည့်ထားပြီး မွှေးပျံ့သောအနံ့အရသာသင်းကြိုင်နေ၏။

ဘဝကို ဘယ်လိုကောင်းကောင်းမွန်မွန်ဖြတ်သန်းရမလဲဆိုတာ လီဝမ်ရှင်းသိနေတာပဲ။ ဤဆန်ပြုတ်တွင် ထမင်းတစ်မျိုးတည်းနှင့်ချက်တာ မဟုတ်ဘဲ ခရမ်းရောင်ဆန်ပါရှိနေသေးသည်။ မြေပဲများနှင့် စွံပလွံသီးများပါ ထည့်ထားပြီး မွှေးပျံ့သောအနံ့အရသာသင်းကြိုင်နေ၏။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now