Chapter 75

2.4K 591 13
                                    


Chapter 75: အရုပ်လေး

မင်မင်က သူ့အခန်းထဲမှာမရှိနေတာလို့ စုမင်သံသယဖြစ်မိသည်။

အခြားကလေးထက်ဆိုင်ရင် မင်မင်က သူ့ကိုထူးခြားတဲ့ခံစားချက်ပေးတယ်။ သူ့မှာ သူ့ကိုယ်ပိုင်အတွေးနဲ့သာရှိပြီး သူ့ကိုဘယ်သူမှနားမလည်နိုင်ပေ။

ယန်ဂျင်းချိုင်မေးတယ် .."ဒါပေမယ့် မင်မင်ဘယ်မှာရှိလဲ ငါတို့ဘယ်လိုလုပ်သိမှာလဲ? သူနဲ့‌လမ်းမှာတွေ့ရင်တွေ့ မတွေ့ရင်ဒါရိုက်တာကိုမေးမှရမှာ"

"မိဘမဲ့ဂေဟာက ဒီလောက်ပဲကြီးတဲ့ဟာ ... သူ့ကိုဘယ်လိုလုပ်မတွေ့နိုင်မှာလဲ?" ရွှီရိီရှောင်ကြားဖြတ်ပြောတယ် .."ကျွန်မဒီမှာဆက်မနေနိုင်တော့ဘူး ... အမြန်ထွက်သွားရအောင်"

ဒီလိုမျိုးဖြစ်လာခဲ့မှန်း သူမ သိခဲ့ပါလျှင် ယန်ဂျင်းချိုင်ကို ဤနေရာကိုလာခဲ့ဖို့တားမိမှာ အမှန်ပဲ။ ထိုသို့သာဆို သူမလည်းလာစရာမလိုသလို ထိုကဲ့သို့ဖြစ်လာလိမ့်မှာလည်းမဟုတ်ပေ။

"ဒီနေရာကအရင်သွားရအောင်" စုမင်ပြောတယ်။

သူတို့ကံကောင်းသွားရသည်မှာ ကော်ရစ်ဒါမှ ထွက်လျှင်ထွက်ခြင်း လှေကားထစ်က‌နေ အပေါ်တတ်လာသည့်ခြေသံများကို ကြားရကာ မကြာဒါရိုက်တာအိုကြီးရောက်လာသည်။

ဒါရိုက်တာအိုကြီးအံ့အားသင့်သွားပြီး .."မင်းတို့အားလုံးနိုးနေပြီပဲ ... မနက်စာသွားစားမလို့လား?"

"မဟုတ်ဘူး မဟုတ်ဘူး" ယန်ဂျင်းချိုင်ခပ်မြန်မြန် လက်ဝှေ့ယမ်းပြီး .."ကျွန်တော်တို့ပြန်အိပ်ကြမလို့ မစားတော့ဘူး"

ထိုအကြောင်းပြချက်သည် အလွန်အကျိုးကြောင်းသင့်၏။

ဒါရိုက်တာအိုကြီး သဘောမတူဘဲ .."မနက်စာမစားတာ ကျန်းမာရေးအတွက်မကောင်းဘူး ... အရင်စားပြီးမှ ပြန်အိပ်ပေါ့"

ရွှီရိီရှောင်ချက်ချင်းသန်းဝေလိုက်သည်။
ယန်ဂျင်းချိုင်‌ဒါကို‌မြင်တော့ အမြန်ပြေးသွားပြီး စိတ်ပူသယောင်ဖြင့် .."အိပ်ချင်နေလား?"

သူလှည့်ပြီး .."တွေ့လား ဒါရိုက်တာ? ကျွန်တော်တို့က နေ့လည်ခင်းထိအိပ်ကြတာမို့လို့ မနက်စာမစားတော့ပါဘူး"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now