Chapter 86

2.1K 468 40
                                    


Chapter 86: ပျောက်ဆုံးသွားခြင်း

သူထောင်ထဲမ၀င်ခင်အချိန် စုမင်သည် သင်္ချိုင်းမှာ 'ကခုန်ခြင်းနှင့် အသုဘယာဉ်လာလိမ့်မယ်' ဟူသော ဝါကျများသည် တစ်စုံတစ်ဦးကို ကျိန်ဆဲသော စကားများသာဖြစ်ကြောင်း ထင်ခဲ့ဖူးသည်။

ထောင်ထဲရောက်ဖူးပြီးတစ်ကာလ စုမင်စိတ်ပြောင်းလဲသွားခဲ့ပြီ။

ဒီအကျဉ်းထောင်မှာ လူဘယ်နှယောက်ရှိလဲ သူမသိသော်လည်း အခန်းထဲရှိတဲ့လူတိုင်းက ကခုန်နေကြသည်။ သူနဲ့ ယင်းဇီကလွဲလို့ပေါ့။

အချို့ဆို အနောက်တိုင်းစုံတွဲအကနဲ့တောင် ကနေကြပြီး ‌အတော်လေးပျော်မြူးနေကြပုံပင်။

ခဏကြာ စုမင်ကြည့်နေပြီး တစ်ယောက်မှ ကောင်းတဲ့အကသမားတွေမဟုတ်တော့ သူလှည့်ကာ မေးလိုက်၏ .."မင်းရော မကဘူးလား?"

ယင်းဇီအမူယာကင်းမဲ့စွာ တုန့်ပြန်၏ .."မကဘူး ... အရူးအနှမ်းတွေလို"

သူ့အ‌ခန်းဖော်ဖြစ်သော ဤရုပ်ရှင်ရဲ့ဇာတ်လိုက်သည် အခြားဇာတ်လိုက်တွေနဲ့ မတူပါဘဲ အလွန်တည်ငြိမ်သည်ဟု စုမင်ခံစားမိသည်။
သူ၏ကိုယ်ရည်ကိုယ်သွေးအရ ဤနေရာတွင် လျှို့ဝှက်ချက်များကို တက်ကြွစွာ စုံစမ်းဖော်ထုတ်မည့်သူဟု မထင်ပေ။ ဒီဇာတ်ကားကို နောက်ပိုင်းမှာ ဘာက သူ့စိတ်ပြောင်းသွားအောင်လုပ်ခဲ့လဲ သူမသိချေ။

ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်ဖုန်းရှုကျွမ့်ရောက်လာလိမ့်မည်။ သူတို့နှစ်ယောက်အတူရှိနေရင် ပဋိပက္ခဖြစ်ပွားနိုင်လောက်သည်။

အဓိကအရေးကြီးဆုံးက သူတို့နှစ်ယောက်သည် ရန်သူတွေဖြစ်၏။

horrorရုပ်ရှင်တွေထဲမှာ ဒီလိုကာရိုက်တာမျိုး တွေ့ရဖို့ ခဲယဉ်းသည်။ ဒီတခါ ‘အညတရအကျဉ်းထောင်’ ဇာတ်ကားမှာ ဇာတ်လိုက်နှစ်ယောက်ရှိ၏။ သူတို့နှစ်ယောက်စလုံးအသက်ရှင်မလား တစ်ယောက်ပဲလွတ်မလားဆိုတာတော့ မေးစရာပင်။

နောက်ပိုင်းမှ စိတ်လှုပ်ရှားစရာတွေ လာနိုင်လိမ့်မည်။

"မင်းတို့နှစ်ယောက် မကကြဘူးလား?"
တစ်စုံ‌တစ်ယောက်ရောက်လာပြီး မေး၏။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now