Chapter 9: အမှောင်ထုစုမင်က နေရာတိုင်းမှာ ထိတ်လန့်တုန်လှုပ်စရာကောင်းတယ်လို့ ခံစားရမိတယ်။
သူ့အား ထိုမျက်လုံး စောင့်ကြည့်နေသည့်အချိန်မှာ မည်မျှကြာပြီဖြစ်မှန်း သူမသိခဲ့ဘူး။ထိုအရာက သူ့ကိုတွေ့သွားမှန်းသိလိုက်ရချိန် မျက်လုံးသည် လျင်မြန်စွာလှည့်ထွက်သွားပြီး စာအုပ်စင်၏နောက်၌ ပျောက်ကွယ်သွားခဲ့သည်။
စုမင်ချက်ချင်း တဘက်သို့ ပြေးသွားလိုက်သော်လည်း ဘာမှမတွေ့ပေ ... ဟုတ်တယ် ... ကျိန်းသေ လူမဟုတ်ဘူး။
ပျောက်သွားသည့်အရာက သရဲဟုတ် မဟုတ် သူသေချာမသိချေ။ မည်သည့်ကိစ္စတွင်မဆို အနည်းဆုံး ယခုအချိန်ထိတော့ အန္တရာယ်ရှိနိုင်သည့် ရည်ရွယ်ချက်များမရှိလောက်ပေ။
စုမင် ဖိုင်များကို ဆက်ရှာတယ် ... အခုချိန်တွင် ဒါကလွဲပြီး ဘယ်အရာမှအရေးမကြီးဘူး။
သူ့မေးစေ့ပွတ်လိုက်ပြီး .."အဆောင်တွေ စောင့်ရှောင်တဲ့အန်တီက ဒီမှာအလုပ်လုပ်ခဲ့တာ ခြောက်နှစ်ရှိပြီ ... ဒီ့တော့ လူတိုင်းလျှို့ဝှက်ထားတဲ့ အရေးကြီးကိစ္စက ခြောက်နှစ်ကာလအတွင်းပဲဖြစ်မယ်"
အရင်ကဖြစ်ခဲ့တာဆိုရင် သူသတင်းမေးတဲ့အချိန် သူမပြင်းပြင်းထန်ထန်တုန့်ပြန်လိမ့်မည် မဟုတ်။
သူမကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့တာမဟုတ်ပေမယ့် အက်ဆီးဒင့်က ဤကျောင်း၏ တစ်နေရာရာမှာ ဖြစ်လောက်မယ်။
သူသည် လက်ရှိဂျူနီယာနှစ်၏ ဒုတိယနှစ်ဝက်တွင်ဖြစ်သည်။ ယခု ၂၀၁၈ ခုနှစ်ဖြစ်ပြီး ၊ သူသည် ၂၀၁၅ ခုနှစ်ကတည်းကစာရင်းသွင်းခံထားရသူ ဖြစ်သည်။ လွန်ခဲ့သောသုံးနှစ်တာကာလအတွင်း ချောမွေ့စွာရွက်လွှင့်နိုင်ခဲ့သောကြောင့် သူသည် သူတို့ကို ဖယ်ထုတ်နိုင်ခဲ့သည်။ ဒါဆို ၂၀၁၂ ၊ ၂၀၁၃ နှင့် ၂၀၁၄ကျန်ရှိမယ်။
ဘယ်လိုပဲဖြစ်ဖြစ် ... ထိုမိန်းကလေး၏ ဘွဲ့ရနှစ်ကို မသိသေးပေ။ သူမ 2012 ခုနှစ်တွင်ဝင်ခွင့်တတ်ရောက်ခဲ့တာဖြစ်နိုင်သလို ၂၀၁၂ တွင် သူမဘွဲ့ရခဲ့သောနှစ်လည်းဖြစ်နိုင်သည်။ ဤအချက်များအားလုံးသည်သူ၏ရှာဖွေမှုအပေါ် လွှမ်းမိုးခဲ့သည်။

VOCÊ ESTÁ LENDO
To be a Heartthrob in a Horror Movie(Myanmar Translation)
Mistério / SuspenseOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...