Chapter 58: မှတ်စုများရုပ်ရှင်ရုံ၌ အလုပ်လုပ်ကြသူပေါင်းများစွာရှိပြီး တာဝန်ရှိသူကလည်း holographicနည်းနှင့်ကြည့်ရှုသူပရိသတ်များကို ဆက်သွယ်ရမည့်နေရာတွင်သာ တာဝန်ယူထားသည်။
လွန်ခဲ့သည့်နှစ်ရက်နေ့က ပရိသတ်တစ်ဦးသည် holographicနည်းနှင့်ကြည့်ရှုနေစဉ်အတွင်း ကြောက်ရွံ့မှုဒဏ်မခံနိုင်တာကို ဝန်ထမ်းများသိရှိပြီးနောက် အဆောတလျင်ဖြင့် ဖယ်ရှားခံခဲ့ရသည့် ပြဿနာတစ်ခုရှိခဲ့၏။
တာဝန်ခံမှာ နှလုံးရပ်တန့်လုနီးပ့းပဲ။
ကံကောင်းထောက်မစွာ သူတို့ကဒီ့အတွက်ပြင်ဆင်ထားပြီး အတွေ့အကြုံမှ အတင်းအကျပ်ဆွဲထုတ်ရန် အလွန်လျင်မြန်စွာ လုပ်ဆောင်နိုင်ခဲ့သောကြောင့် ပရိသတ်မှာ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘဲ ခဏသာအနားယူရန်လိုအပ်ပြီး မကြာ ဘေးကင်းစွာထွက်ခွာသွားသည်။
ထို့ကြောင့် ထိတ်လန့်ဖွယ်ရာရုပ်ရှင်ကြည့်နိုင်ပြီး အရှင်လတ်လတ်ထွက်လာနိုင်ခဲ့တဲ့ စုမင်လိုလူမျိုးလို သူသဘောကျသည်။
သူက ကျွမ်းကျင်ပြီး မတုန်မလှုပ်ဘဲတည်ငြိမ်သည်။
"ရုပ်ရှင်ဘက်က မစ္စတာစုကိုအနှောင့်ယှက်ပေးမိတာစိုးရိမ်လို့ ဒီတစ်ခါ ရုပ်ရှင်ရုံမှာခင်ဗျားအတွက် ဆုတွေပြင်ဆင်ထားပါတယ်။ ထပ်ထုတ်လွှင့်မယ့်ရက်မှာ မစ္စတာစုလာယူလို့ရပါတယ်"
"ကောင်းပြီ" စုမင်ဖြေလိုက်တယ်။
ဘာဆုလဲ သူမသိသလို ထိုဆုက ကောင်းလား မကောင်းဘူးလားဆိုတာကိုလည်းမသိပေ။
°°°°°°°°°°°°°°°°°
ထပ်မံထုတ်လွှင့်မည့်နေ့၌ ... မိုးသည်းထန်စွာရွာသွန်းနေသည်။
သူမိုးရာသီကို အပြင်ထွက်ရတာမနှစ်သက်၍ မူလက မသွားချင်ပေ။ အလွန်သည်းထန်လျှင် သူမကြိုက်ပေ။
သို့ပေမဲ့ ရုပ်ရှင်အကြောင်းတွေးမိပြီး နောက်ပိတ်ဆုံးသွားရန်သာ စိတ်ပိုင်းဖြတ်လိုက်လေသည်။
သူ့ရွေ့လျားသည့်ဆူညံသံတွေကို လီဝမ်ရှင်းကြားတော့ ကုတင်မှပျင်းပျင်းရိရိထထိုင်ပြီး .."ခဏနေအုန်း ... အတူတူသွားကြရအောင်"

YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...