Chapter 96: မှတ်တမ်းစာရင်းများစုမင်မေးခွန်းကြားတော့ ဖုန်းရှုကျွမ့်တန့်သွားသည်။
သူ့ဘေးပတ်လည်လည်ကိုဝေ့ဝဲကြည့်ပြီးမှ ပြောလာတယ် .."ဒါကသာ အကျဉ်းထောင်မဟုတ်ဘူးဆိုရင် ဘယ်နေရာဖြစ်လောက်လဲ? ရုပ်ရှင်တွေထဲကလိုတွေ့နေကျ သုတေတနအဖွဲ့အစည်းက ငါတို့ကိုပိတ်ထားပြီး ဘယ်သူအကြာဆုံး အသက်ရှင်နေနိုင်ပြီး နောက်ဆုံးအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကို ဆုကြေးငွေအများကြီးပေးသလိုမျိုးလား?"
စုမင်အံ့အားသင့်သွားကာ .."မင်းတော်တော်စိတ်ကူးတတ်တာပဲ"
ရိုးရိုးသားသားပြောရရင် ဒါက ဖြစ်နိုင်ချေများထဲကတစ်ခုဖြစ်ပေမယ့် အဲဒါမှန်ရင် သူတို့အားလုံး အဆုံးထိ အသက်ရှင်နိုင်မှာမဟုတ်ဘူး။ အခြားတစ်ခုခုရှိရမည်။
ဖုန်းရှုကျွမ့်ပြုံးလိုက်၍ .."ငါရုပ်ရှင်တွေများကြီးကြည့်ဖူးတယ်လေ"
ယင်းဇီ စားစရာကို တို့ကနန်းဆိတ်ကနန်းလုပ်နေလျက် ပြောလာတယ် .."ငါတို့သိနေရင်တောင် အသုံးမဝင်ဘူး ... ထွက်ပြေးလို့မရနိုင်ဘူး"
စုမင် သူ့ဘက်လှည့်လိုက်၍ .."မင်းတကယ်ပဲ အဆိုးမြင်တယ်"
ထိုကဲ့သို့သော ရုပ်ရှင်များတွင် ဇာတ်လိုက်များသည် တက်ကြွမှုနှင့်မျှော်လင့်ချက်များ ပြည့်နှက်နေရမှာမဟုတ်ဘူးလား?
ယင်းဇီသည် သူကြုံတွေ့ခဲ့သမျှ ဇာတ်လိုက်တွေနဲ့ တော်တော်လေးကွာခြားသည်။ ဟိုးအစတည်းက ဖုန်းရှုကျွမ့်ဒီရောက်သည့်ပထမဆုံးနေ့မှာလွဲ၍ ကျန်တဲ့ရက်တွေတုန်းက ခံစားချက်ပြင်းပြမှုမရှိခဲ့ပေ။
ဒါကိုကြားတော့ ယင်းဇီမော့ကြည့်လိုက်ပြီး သူ့အမူအယာရုတ်ခြည်းပြောင်းလဲသွားကာ စိတ်လှုပ်ရှားမှုဖြင့် ကြွေးကြော်လာ၏ .."ငါတို့သေချာပေါက် လွတ်မြောက်နိုင်မှာ! ငါတို့ဒါတွေကိုဖြတ်ကျော်နိုင်ရမယ်!"
သူ့လက်ကိုမြှောက်ပင့်ပြီး အားပေးဩဘာပေးသောအမူအယာလုပ်လေသည်။
စုမင် “…………"
သူ့နဲ့ဆန့်ကျင်ဘက်မှာထိုင်နေသည့် ဖုန်းရှုကျွမ့်တခဏကြက်သေသေသွားသည်။ သူ့နှုတ်ခမ်းကို လက်သီးနဲ့ဖုံးကာပြီး တတ်နိုင်သမျှ မရယ်အောင်ထိန်းထားရသည်။
YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အချစ်ဇာတ်လမ်းများက ပေါ်ပြ...