Chapter 102

1.5K 310 19
                                    


Chapter 102

ထိုလူထွက်သွားပြီးနောက် ကန်တင်းမှာ နဂိုမူလအတိုင်းပြန်ဆူညံသွားသည်။

ဖုန်းရှုကျွမ့်အရသာမရှ်ိသောမုန်လာဥကိုမြိုချပြီး မေးလာတယ် .."ရုတ်တရက်ရောက်လာတဲ့အဲ့လူဘယ်သူလဲ မင်းတို့သိကြလား?"

စုမင်က .."မသိဘူး"

ယင်းဇီလည်းခေါင်းခါပြီး .."မသိဘူး"

ဤနေရာတွင် မြင်ဖူးကြသူများမှာ သာမန်ထောင်စောင့်များသာ ဖြစ်သည်။ သူတို့အလုပ်တွေကိုပြောဆိုလုပ်ခိုင်းနေသည်မှာလည်း သာမန်ထောင်စောင့်များပင်။  ရုတ်တရက်ပေါ်လာသော ဤလူသည် ထိုထောင်စောင့်များနှင့် သိသိသာသာ ကွဲပြားနေသည်။

ဒါပေမယ့် သူတို့စားသောက်ဖို့လိုနေသေးတယ်။

ဤအနှောင့်အယှက်ကြောင့် သူတို့ ညစာပြီးဖို့ အချိန်ကျနေပြီ။

တန်းစီနေစဉ် စုမင်ရုတ်တရက် အကြံတစ်ခုရသွားသည်။

ဒီနေ့ လီဟောင်ကို ကယ်တင်ပြီးကတည်းက အဲဒီလူကဘယ်သူလဲဆိုတာ မေးဖို့ဆုံးဖြတ်လိုက်တယ်။

သူ့မှာ အချိန်သိပ်မရှိတာကြောင့် စုမင်တန်းစီနေသည့်လိုင်းကိုဖြတ်ပြီး လီဟောင်ထံကို‌ ရွေ့လာတယ်။ ထောင်စောင့်တွေကလည်း မမြင်ချင်ယောင်ဆောင်နေကြသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့အခန်းကို အချိန်မီပြန်ရောက်သရွေ့ဘယ်မှာတန်းစီနေလဲ အရေးမကြီးဘူး။

သူရောက်လာတာကိုမြင်တော့ ကျောင့်ကျန်အလွန်တုန်လှုပ်သွားပုံရတယ်။ ထို့နောက် သူမျက်စိမှိတ်ပြကာ .."ကံကောင်းပါစေ အစ်ကိုဟောင်"

"မင်းဖင်ကိုပဲကံကောင်းပါစေ" လီဟောင်ကြိမ်းမောင်းလိုက်၏။

"ကျွန်တော်တို့အခန်းကို သူ့ကိုကောင်းကောင်းကြိုးစားပြီး ဆွဲသွင်းနိုင်ဖို့အတွက် ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးတာသဘာဝပဲလေ" ကျောင့်ကျန်သွယ်ဝိုက်စွာ .."အကိုဟောင် သေချာပေါက်---"

စကားမဆုံးခင်မှာ ရုတ်တရက် မြေပြင်ပေါ် လဲကျသွားတယ်။

သူမတ်တပ်ရပ်သောအခါ သူ့မျက်နှာသည် လုံးလုံးလျားလျားဖြစ်သွားသည်။ ပုံမှန်အနေအထားပြန်ဖြစ်ရန် အချိန်အနည်းငယ်ယူရပြီး နှာခေါင်းနှစ်ဖက်စလုံးမှ သွေးများစီးကျလာသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now