Chapter 7

5.5K 1.1K 153
                                    


Chapter 7: အလောင်း

စုမင်အကြည့်များက လင်းရှောင်ယန်ကြည့်နေရာဆီ ရွေ့လိုက်တယ်။

သူတို့သန့်စင်ခန်းထဲ စဝင်လာစဉ် ကျောင်းယွမ်ကိုယ်က ဘေးစင်ထဲလဲနေပြီး ဘယ်သူမှမထိခဲ့ပေမယ့် အခုပျောက်နေတယ်။

ဘေစင်တစ်ဝိုက် စိုထိုင်းထိုင်းရေတို့ပြန့်ကျဲကာ ဘုံပိုင်ခေါင်းဖွင့်ထားဆဲဖြစ်ပြီး ... ရေစီးယိုကျနေ၍ ရေအိုင်ငယ်ကဲ့သို့ဖြစ်နေ၏။

ဒီလို ရွှဲရွှဲစိုနေသည့်မြင်ကွင်းကြောင့်သာ မဟုတ်ရင် ထိုနေရာမှာ ကျောင်းယွမ်ရှိခဲ့တယ်လို့ ထင်မှာမဟုတ်ပေ။

"ထွက်ပြေးသွားတာများလား?" လင်းယိကျီအသံတွင် ကြောက်ရွံ့ခြင်းဖုံးလွှမ်းနေသည်။

"အဲ့လိုတော့ မဖြစ်နိုင်ဘူး..." လင်းရှောင်ယန်တိုးတိုးရေရွတ်၏။

ဒါပေမယ့် သူမဘယ်လောက်နက်နက်နဲနဲစဉ်းစားပေမယ့် အခြားအကြောင်းပြချက်ကို ရှာမရပေ ... လျှိုလီလီအလောင်းက မလှုပ်ရှားသင့်သော်လည်း ရွေ့လျားခဲ့သည်။ ကျောင်းယွမ်အလောင်းတကယ်ပဲ ထရပ်ပြီး ထွက်ပြေးတယ်ဆိုတာ ပြောစရာတောင်မလိုပေ ...

"မဟုတ်ဘူး ... အဲ့လိုဆိုငါတို့အသံကြားလောက်မယ်" စုမင် ထိုအတွေးကိုငြင်းဆန်လိုက်သည်။ "ငါ ခြေသံနှစ်သံမကြားခဲ့ဘူး ... သူ့ဘာသာသူတော့ ထွက်သွားတာမဖြစ်နိုင်ဘူး"

အလောင်းတွေကလည်း အစိုင်အခဲတစ်ခုပဲ ... တစ္ဆေသရဲတွေနဲ့မတူတာက သူတို့က ‌ဆူညံသံ လုပ်နိုင်သည်။

"ဒါဆို စောနကဘယ်သူတံခါးခေါက်ခဲ့တာလဲ?" လင်းရှောင်ယန်မေးတယ် .."ဘယ်သူ့ခြေသံတွေလဲ?"

စုမင် ကွာဟချက်ကိုတွေးတောပြီး သူ့စိတ်က အပေါက်ကိုဖြည့်စွက်ကြည့်သည်။
"တံခါးခေါက်တဲ့သူက ကျောင်းယွမ်မဖြစ်နိုင်ဘူး"

ထိုစကားပြောအပြီး စုမင် အခိုင်အမာပိုလို့ယုံကြည်လာသည်။

ခြေသံတွေက အဝေးကနေ နီးကပ်လာခဲ့တယ် ... ထိုအချိန်တုန်းက ကျောင်းယွမ်ခန္ဓာသည် ဘေစင်ထဲမှာပဲရှိနေ‌တာကြောင့် သူမမဟုတ်နိုင်ပေ။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now