Chapter 111

870 191 2
                                    

တစ်ပတ် တစ်ပိုင်းလို့ပြောပေမယ့် ချစ်စရာကောင်းတဲ့အလှူရှင်လေးအတွက် ဘောနပ်စ်အပိုင်းသစ်လေးတစ်ပိုင်းတင်လိုက်ပါပြီဗျ။

Enjoy♡

Chapter 111: သင်္ဘောမှောက်ခြင်း

လှေသည်ဦးတည်ရာသို့ လျင်မြန်စွာရောက်ရှိနိုင်သည့် ရွက်လှေနှင့်မတူသောကြောင့် ချင်းမုရင်ငှားထားသော သက်လတ်ပိုင်းအမျိုးသားက ထိန်းချုပ်ထားစဉ်တွင် ဖြည်းညှင်းစွာအရှိန်အဟုန်ဖြင့် မောင်းနှင်နိုင်ခဲ့သည်။

နာရီဝက်ကြာပြီးနောက် အကွာဝေး၌ရှိသောကမ်းစပ်သည် ခပ်ဖျော့ဖျော့အရိပ်ကဲ့သို့သာ ကျန်ခဲ့သည်။

စုမင်သည် ပင်လယ်ထဲတွင် မျောပါသွားသည့်အတွေးအပေါ် စိတ်ပိုင်းဆိုင်ရာဒဏ်ရာတချို့ရခဲ့သည်။ မြေပြင်ကို မမြင်နိုင်သလို မလုံခြုံဟု ခံစားရသောကြောင့် ဖြစ်နိုင်သည်။

"အကို ... သမီးတို့ကို တကယ် ငါးမန်းတွေစားပြီးသေသွားခဲ့ရင် ဘယ်လိုလုပ်မလ" စုယင်းမေး၏။

"ဒါဆို အိမ်ပြန်ဖို့ပဲရှိတော့တာပေါ့" စုမင်ပြောတယ် .."အဲ့လိုမျိုးက ကံပေါ်ပဲမူတည်တယ်၊ မင်းသာအသက်ရှင်ခဲ့ရင် ရှေ့ဆက်နိုင်တယ်လေ"

စုယင်း သက်မချလိုက်သည်။

မိသားစုအဖွဲ့ဝင်နှစ်ဦးလုံး ငါးမန်းစားခံရပြီး သေသွားခဲ့သည်ဟု ကြားရုံတင် ဆိုးရွားလှသည်။

သူတို့အနောက်၌ ရှဟဲယင်းရောက်လာကာ လိမ္မော်သီးနှစ်လုံး ကမ်းပေးသည်။ နှစ်လုံးထဲမှ တစ်လုံးကို စုယင်းအားပေးလိုက်ပြီး .."ရှင် တစ်လုံးလိုချင်လား? ကျွန်မအချို့ယူလာတယ်"

စုမင်ယူလိုက်ပြီး .."ကျေးဇူးတင်ပါတယ်"

ရှဟဲယင်းမေး၏ .."ရှင်တို့အားလုံးက ချင်းမုရင်ခေါ်လို့ရောက်လာတာလား?"

"အင်း" စုမင်ဆို၏။

ရိုးရိုးသားသားပြောရရင် ၎င်းကို ရှဟဲယင်းသိပြီးသားဖြစ်သည်။ သူမသည် ချင်းမုရင်အပေါ် ကောင်းသောထင်မြင်ချက်ရှိသော်ငြားလည်း ချစ်သူ/ရည်းစား အဆင့်သို့ မရောက်သေးပေ။ ဖိတ်ခေါ်ကတည်းက လာခဲ့ဖို့ဆုံးဖြတ်ခဲ့တယ်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now