Chapter 106

1.5K 296 10
                                    


Chapter 106: ထောင်မှလွတ်မြောက်ခြင်း

ဤထွက်ပေါက်လမ်းသည် သိပ်မတိုချေ။ မြေအောက်လမ်းကဲ့သို့ အကွေ့အချိုးများစွာရှိပြီး ဘယ်လမ်းက ဘယ်ကိုဦးတည်သလဲဆိုတာ ဘယ်သူမှမသိပေ။

သူတို့သုံးယောက်လုံး ထိုလမ်းတစ်လျှောက်တိုင်း လိုက်လာပြီး နောက်ဆုံး၌ လမ်းဆုံးကိုရောက်သွားသည်။

လှေကားထစ်ရှိပြီး စုမင်အရင်တက်သွားပြီး တံခါးတွန်းဖွင့်လိုက်သည်။ အပြင်ကနေတံခါးကို တစ်စုံတစ်ခုပိတ်ဆို့ထား၍ သူမဖွင့်နိုင်ပေ။

"ငါ့ကို လာကူညီပေးဦး"

သူတို့သုံးယောက်ပေါင်းခွန်အားသည် လုံလောက်သည်ထက်ပို၏။ အကြိမ်အနည်းငယ်တွန်းပြီးနောက် အတန်ငယ်ပွင့်ဟလာသည်။ 

စုမင်ထွက်ပြီးနောက် သူတို့ဆေးကုသခန်းထဲ၌ ရပ်နေသည်ကိုတွေ့လိုက်ရသည်။

ဆေးကုသခန်းတည်နေရာသည် သူတို့အကျဉ်းထောင်အခန်းနှင့်အတန်ငယ်ဝေးပြီး ဓာတ်ခွဲခန်းနှင့်လည်းဝေးသည်။ ထိုကဲ့သို့ဖြင့် တည်နေရာမှာ လုံးလုံးကွာနေ၏။

ဖုန်းရှုကျွမ့်က ဆေးကုသခန်းအတွင်းထိ ဆက်မသွားဘဲ .."ဒါဘယ်နေရာလဲ?"

စုမင်က .."ဆေးခန်း ... ဟိုက ဆုတံဆိပ်တွေက ကုတ်အဖြူနဲ့လူရဲ့ပစ္စည်းတွေပဲဖြစ်မယ်"

ရောဂါအမျိုးမျိုးအတွက် ဆုတံဆိပ်တွေ ဆုများစွာရှိနေသည်။ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ အချက်အလက်အားလုံးကို မှတ်တမ်းတင်ထားတယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပေ။ သုတေသနတစ်ခုပြီးသည်နှင့် သူတို့သည် အခြားအရာတစ်ခုကို ဆက်လက်လေ့လာနိုင်သည်။

ဒီက လူသားတွေကိုအစမ်းသပ်ခံအနေနဲ့ စမ်းသပ်တာက လုံးလုံးကိုစိတ်ဝေဒနာရထားသူတွေဖြစ်သည်။

"အပြင်မှာ ပရမ်းပတာဖြစ်နေပြီနဲ့တူတယ် ... အခု သူတို့တစ်ခုခုကိုတော့သတိထားမိကြလိမ့်မယ် ... ငါတို့အခုပြန်သွားနိုင်ပါ့မလား?" ဖုန်းရှုကျွမ့်ပြော၏။

"အရင်ခဏစောင့်ကြည့်ရအောင်" စုမင်ပြောသည်။

သူအထဲသို့ခြေလှမ်းပြီး ပတ်ပတ်လည်ရှာဖွေလိုက်ကာ အောင်မြင်စွာ ဆေးကုသခန်းထဲ၌ ဖုန်းကိုတွေ့သွားပြီး ဖုန်းခေါ်ရန်ကြိုးစားလေသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now