[Arc 6] Chapter 109

1.3K 247 12
                                    


Arc 6: တစ္ဆေသင်္ဘော
Chapter 109: တစ္ဆေ

တဖက်ဖုန်းမှ အသံသည် ထူးကဲစွာရှင်းရှင်းလင်းလင်းထွက်ပေါ်လာသည်။

စုမင် မျက်ဝန်းထောင့်အတွင်းဘက်ကို ပွတ်လိုက်ပြီး .."မလိုပါဘူး မား ... သား နေ့လည်ကျောင်းပြန်ရမှာ။ စာမေးပွဲဖြေဖို့ နှစ်ရက်ပဲလိုတော့တယ် ... ပြန်ပြီး စာပြန်ကြည့်ရဦးမယ်"

သူ့လေသံသည် ပုံမှန်ပဲဟု သူခံစားမိသည်။

"ဒါဆို ကောင်းပြီလေ" မားမားစု တခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလာ၏ .."‌အခုနောက်ပိုင်းအေးလာပြီ ... အအေးမမိအောင်ဂရုစိုက်နော် ... သား တခါအအေးမိတာနဲ့ ချောင်းဆိုးပြီးလွယ်လွယ်နေမကောင်းဖြစ်လိမ့်မယ်"

"ဟုတ်ကဲ့ သားသိပါတယ်" စုမင်တုံ့ပြန်ဖြေပေးလိုက်သည်။

ဘယ်လိုကဲ့သို့နေရမည်ဟု သတိပေးပြောကြားသည်ကို နားထောင်ပြီးနောက် စုမင်ဖုန်းချလိုက်သည်။

အဖွားအိုသည် နာနာခံခံပင် ထိုနေရာ၌ထိုင်နေဆဲဖြစ်၏။ အစောတုန်းက သူမခိုးနားထောင်သည်ကို လူမိသွား၍ နောက်တစ်ခါထပ်နားမထောင်ရဲတော့ဘဲ အိမ်နီးနားချင်းကဖြတ်သွားဖြတ်လာတွေကိုသာ စိတ်ဝင်တစားထိုင်ကြည့်နေရှာသည်။

စုမင်ဖုန်းကို သိမ်းဆည်းကာ သူမကိုလှည့်ကြည့်လိုက်ပြီး .."ဖွား ... လမ်းလျှောက်ထွက်အုန်းမလား?"

အဖွားအိုသည် လက်ခါပြ၍ .."မထွက်တော့ဘူး မထွက်တော့ဘူး"

သူမမျက်နှာ သူမဘာသာထိကိုင်ပြီး နောက် စုမင်ကိုကိုင်စေသည်။ ထို့နောက် သူမ စကားအချို့ပြောသော်လည်း စုမင်နားမလည်ပေ။

သူမကို စုမင်တွဲကူပြီးမတ်တပ်ရပ်စေ၍ စောနတုန်းကမေးခွန်းကို ဆက်မေး၏ .."ဖွား ... အစောတုန်းက ဘာလို့ကျွန်တော်လို့ပြောတာလဲ? ကျွန်တော် ရှောင်စုကိုသိလို့လား?"

သူ စိတ်လှုပ်ရှားစွာအဖြေစောင့်နေခဲ့သည်။

သို့သော် အဖွားအိုသည် မတူညီသောအဖြေကိုပေးလာသည်။ သူမသည် ဗလာနတ္တိအမူအရာဖြင့် သူ့ကိုကြည့်လာပြီး .."ရှောင်စု….. ရှောင်စုကဘယ်သူလဲ?"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now