Chapter 11

4.9K 1.1K 119
                                    


Chapter 11: သီချင်းဆိုသံ

လင်းယိကျီပြောပြီးတော့ ထူးထူးဆန်းဆန်းတိတ်ဆိတ်သွားတယ် ... စုမင်က ထိုတိတ်ဆိတ်မှုကို အရင်ချိုးဖျက်လိုက်သည်။ .."သူမဘယ်အခန်းမှာလဲ ရှာရအောင်"

စတုတ္ထထပ်သို့ တက်ခြင်းသည်ရည်ရွယ်ချက်ရှိရမည်။ သူတို့က သီးသန့်အခန်းတစ်ခန်းကိုရှာရလိမ့်မယ်။

သီချင်းဆိုနေသည့် အသံနှင့် သူတို့နီးလာလေလေ ပိုကြည်လာလေပဲ ... ဘယ်လိုပဲဖြစ်ဖြစ် ... သီချင်းစာသားက ပို၍ရှုပ်ထွေးလာပြီး သီချင်းဆိုသူက စတင်တေးညည်းလာသလိုပဲ။

"ဒီနား လမ်းတဝက်မှာ" လင်းရှောင်ယန်စတင်တယ် .."ငါ သူမနာမည်ကိုခေါ်ပေမယ့် ကျောင်းယွမ်လိုပဲ ပြန်မဖြေဘူး"

သူမတစ်ကိုယ်လုံးထိန်းချုပ်ခံနေရသလိုပဲ။

"သူမသေရင် နောက်သားကောင်ကမင်းပဲ" စုမင်ပြောသည်။

သူ့စကားကြားတော့ လင်းရှောင်ယန်ကျောပြင် ချွေးအေးများဖြင့် စိုရွှဲလာတော့သည်။ သူအတိတ်ဖြစ်ရပ်များကို မှတ်မိသွားစဉ် သူမတစ်ကိုယ်လုံးစိတ်ပျက်အားလျော့လာသည်။

သူမအချိန်ရောက်လာလျှင် သူမဘယ်လိုဖြစ်မလဲ စိတ်တောင်မကူးရဲပေ။

လင်းယိကျီပြော၏ .."စိတ်မပူပါနဲ့ ... ငါတို့ အဲ့သရဲဘယ်သူလဲ အမြန်ဖော်ထုတ်ပြီး မင်းကိုအချိန်မှီကယ်မှာပါ"

သူတို့လမ်းလျှောက်နေတုန်း သီချင်းကိုဆက်လတ်သီဆိုနေသည်။ လင်းရှောင်ယန်နားထောင်ပြီး ပြောတယ် .."ဒီအခန်းဖြစ်လောက်မယ်"

သူမသည် နောက်ဆုံးအခန်းမှ လေးခန်းမြောက်ဖြင့် တံခါးကာရံထားသည့် အခန်းကို ညွှန်ပြတယ်။ လျှို့ဝှက်ဆန်းကြယ်သောသီချင်းကို အထဲမှ ကြားနိုင်သည်။

တံခါးတွင် နံပါတ် ၄၁၄ ဟုရေးမှတ်ထားတယ်။

လေးထပ်တွင် အခန်းတစ်ဆယ့်လေးခန်းရှိသည်။

နံပါတ်လေးကို နှစ်ခါဆက်တိုက်အသုံးပြုတာ horrorရုပ်ရှင်တွင် တွေ့နေကျပင်။

(T/N: တရုတ်မှာ ၄ ကို unluckyနံပါတ်လို့ယူဆကြပါတယ်။ အသံထွက်မှာ ၄ က siလို့ထွက်တာ ... သေခြင်းဆိုတဲ့အသံထွက်နဲ့အနီးစပ်ဆုံးဖြစ်တာကြောင့်ပါ)

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now