Chapter 42

4.1K 900 23
                                    


Chapter 42: စောင့်ကြည့်ခြင်း

ဒါက စုမင်သည် ထိတ်လန့်စရာရုပ်ရှင်တစ်ကားတွင် ကော်ဇောခင်းထားသည်ကို ပထမဆုံးမြင်ဖူးတာဖြစ်သည်။

"ဒါ……ငါ့ဖုန်းက အဲ့ကတစ်ခုခုကိုပြနေတာများလား?" ကျောင်းထောင်ကျီးတစ်ခုခုပုံမှန်မဟုတ်ဘူးဆိုတာ ပြောနိုင်တယ် .."ငါတို့သွားကြည့်ကြမလား?"

စုမင်ခေါင်းခါလျက် .."မကြည့်တာပိုကောင်းမယ်"

ဤသရဲဇာတ်ကား၏ တကယ့်ဇာတ်ကြောင်းကို သူသိချင်သော်လည်း ... ဤကဲ့သို့ သဘာဝလွန်ဖြစ်ရပ်မျိုးနှင့် ကြုံရသောအခါတွင် သူတို့တစ်စုံတစ်ရာလုပ်ခဲ့ပါက အလွယ်တကူသားကောင်ဖြစ်ခံရနိုင်သည်။

လဲ့လင်းနှင့် လီချီယွီတို့က သူတို့အခန်းထဲဝင်သွားနှင့်ကြပြီ။

စုမင် သူမကိုသတိပေးလိုက်၏ .."အဲ့ပုံဖြတ်ပြီး မင်းမမြင်ခဲ့သလိုနေလိုက် ... ညဘက်တွေအပြင်မထွက်မိစေနဲ့"

ကျောင်းထောင်ကျီးသက်မချ၍ .."အိုခေ"

အမှန်တကယ် ကော်ဇောမှာဘာပြဿနာရှိနေလဲ သူမအလွန်သိချင်မိသည်။

သူမအခန်းတံခါးဖွင့်လိုက်သည်ကို သေချာတော့မှ စုမင် သူ့အခန်းထဲဝင်သွားသည်။ အထဲကို မဝင်ခင် ကော်ရစ်ဒါကို အမြန်ငုံ့ကြည့်လိုက်တော့ ဟိုတယ်မှာ သက်ရှိရဲ့ အရိပ်အယောင်တွေ မတွေ့ရဘူး။

သူတွေးနေတုန်း လူနှစ်ယောက်ရုတ်တရက်ရောက်လာတယ်။

စုမင်မသိစိတ်က သူ့လုပ်ရပ်များကို အရှိန်လျှော့စေပြီး တိတ်တဆိတ်စောင့်ကြည့်လိုက်သည်။

ရောက်လာသောအတွဲက အမျိုးသားနှင့်အမျိုးသမီးဖြစ်ကာ သူတို့ကြည့်ရတာ ၂၈၊ ၂၉နှစ် စုံတွဲတွေနဲ့တူသည်။

အမျိုးသားမှာ တုတ်ချောင်းကဲ့သို့ပိန်ပါးပြီး ဝါးပင်လိုရှည်လျားကာ သူ့ဘေးနားက အမျိုးသမီးနဲ့ သိသိသာသာကွဲပြားသည်။ အမျိုးသမီးသည် အတော်‌ပြည့်ဖြိုးကာ သူ့ထက်ပု၏။

ကော်ရစ်ဒါသည်တိတ်ဆိတ်လွန်းလှ၍ သူတို့ပြောသမျှ ပြတ်ပြတ်သားသားကြားနိုင်သည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now