Chapter 28: အရေပြားတကယ်တမ်း ထိုလူဘာစားနေလဲဆိုတာ စုမင်ရေးရေးမျှသာ ခန့်မှန်းနိုင်တယ်။ လူသေအလောင်းဖြစ်ဖို့များ၏။ သူတို့ဘယ်ကလာလဲ စုမင်မသိသော်လည်း ဒီကျွန်းက လူသေအလောင်းမပြတ်လပ်ပုံပေါက်သည်။
"ငါတို့အလောင်းတူးမိမယ်နဲ့တူတယ်?" ချန်းရှင်းကျို့ပြောတယ်။
စုမင်ရိုးရိုးသားသားတုန့်ပြန်၏ .."ဟုတ်မယ်"
မြေကြီးတူးဆွနေရင်း ချန်းရှင်းကျို့ထင်ကြေးပေးတယ် .."ဒီကျွန်းက လူတွေကနည်းနည်းတစ်မျိုးကြီးပဲ ... ဒီကိုလာတဲ့အပြင်လူတွေကိုသတ်ပြီး စားကြတာလား?"
ဒါမှမဟုတ် သူတို့မစားချင်တော့ရင် ငါးကိုအစာကျွေးနိုင်တယ်။
ထိုအတွေးသည် ယုတ္တိရှိပေမဲ့ နည်းနည်းရိုးရှင်းနေသလိုပဲ။
အစောတုန်းက တွေးမိတဲ့ကိစ္စကို စုမင်ပြောဆိုသည် .."ရေတွင်းအကြောင်း အန်ကယ်ဟဲပြောပြတဲ့ပုံပြင်က သေချာပေါက်အမှန်မဟုတ်ဘူး ... သတို့သမီးက ငါတို့နေတဲ့နေရာမှာပဲ နေသင့်တာ ... အန်ကယ်ဟဲရဲ့ရေတွင်းထဲမှာ သူမကိုယ်သူမ နစ်မသေသင့်ဘူး"
အန်ကယ်ဟဲနဲ့ သတို့သမီးကြားအကြောင်းတစ်ခုခုရှိခဲ့ရင်တစ်မျိုးပေါ့။
ချန်းရှင်းကျို့တခဏတောင့်ခဲသွားပြီး ရှော့ခ်ရစွာပြော၏ .."ဒါဆို တစ်ကယ့်သတို့သမီးက နံရံထဲကဖြစ်နိုင်လား?"စုမင်ခေါင်းအသာငြိမ့်ပြီး .."ဖြစ်နိုင်တယ်"
သူတစ်ခါမှ မထင်ခဲ့ပေ ... အန်ကယ်ဟဲပြောတဲ့ လူသာတကယ်ရှိခဲ့တယ်ဆိုရင် ... သူပြောတဲ့အကြောင်းသာတစ်ကယ်ဖြစ်ခဲ့တယ်ဆိုရင် ... နံရံအတွင်းရှိလူသည် သတို့သမီးဖြစ်လောက်တယ်။
အန်ကယ်ဟဲရဲ့ရေတွင်းကိုချိတ်ပိတ်ထားသည့်အကြောင်းရင်းကလည်း စဉ်းစားဖွယ်ရာပင်။ အကယ်၍ ထိုစကားတစ်ဝက်ကသာ အမှန်ဖြစ်မယ်ဆိုလျှင် ဘယ်ဟာအမှန် အမှားလည်းဆိုတာ သူသေချာမသိဘူး။ မှန်းဆနိုင်ရုံသာ ...
ချန်းရှင်းကျို့တိုးတိုးလေးဖြင့် .."ငါတို့အရင်ပြန်ရောက်မှ ဒီအကြောင်းပြောရအောင် ... ဒီမှာပြောရတာ စိတ်မချရဘူး"

YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...