Chapter 92

1.6K 396 2
                                    


Chapter 92: ပေါင်းပင်နုတ်ခြင်း

ထမင်းစားပွဲဝိုင်းမှာ ရုတ်တရက် ငြိမ်သက်သွားတယ်။

ထိုသို့သော အခြေအနေမျိုးနှင့် ကြုံလာရသဖြင့် စုမင် ဘာပြောရမှန်းမသိပေ။ ဖုန်းရှုကျွမ့်လည်း ယင်းဇီစကားကို တုန့်ပြန်ပြောဆိုခြင်းမရှိပေ။

ထိုအစား ယင်းဇီသည် သည်းမခံနိုင်တော့ဘဲ လှည့်ကြည့်လိုက်ပြီး သူ့ကို စူးစိုက်ကြည့်တယ်။

ထို့နောက် ဖုန်းရှုကျွမ့်သည် အဝေးကို လှမ်းကြည့်ပြီးနောက် ဆံပင်အကြောင်း ပြန်ရွေ့ပြောသည်။
"ငါအဲဒါကိုရှာတွေ့တုန်းက အစပိုင်းမှာတော့ သိပ်ပြီးမစဉ်းစားမိဘဲ နောက်ပိုင်းတစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတယ်”

စုမင် သူ့ကိုသတိပေး၏ .."အခြားသူ အရင်ကနေခဲ့မယ်ဆိုရင်တောင် ခွက်ကို နေ့တိုင်းဆေးနေတာ ... ဒီ့တော့ ဆံပင်မရှိ‌သင့်ဘူး"

ဒါဆို ဖြစ်နိုင်ချေနှစ်ခုသာရှိတော့တယ်လို့ ဆိုလိုသည်ပင်။

ပထမဖြစ်နိုင်ချေသည် သူ့အခန်းဖော်က အမျိုးသမီးဆံပင်ကို တစ်နေရာမှာဖွတ်ထားပြီး တစ်ခါတလေထုတ်ကြည့်နိုင်သည်။ အဲ့ဆံပင်က သူ့ဇနီး ဒါမှမဟုတ် ချစ်သူဆံပင်ဖြစ်နိုင်၏။

တကယ်တော့ ဒါကအတော်လေး ယုတ္တိရှိတယ်ဆိုရမယ်။

ထိတ်လန့်ဖွယ်ရုပ်ရှင်မဟုတ်ရင် ဒါမျိုးက ပုံမှန်ပင်။ သို့သော် ဤက horrorဇာတ်လမ်းဖြစ်လို့ ၎င်းသည် သဘာဝလွန်အရာတစ်ခုခုနှင့် ဆက်စပ်မှုရှိနိုင်ခြေပိုများသည်ဟု သူခံစားမိသည်။

ဒုတိယဖြစ်နိုင်ချေမှာ သဘာဝလွန်အရာတစ်ခုခုက ကစားနေခြင်းဖြစ်သည်။

ဒုတိယတစ်ခုဖြစ်နိုင်တာ သေချာပေမယ့် ဆံပင်ပိုင်ရှင်ကဘယ်သူလဲဆိုတာမသိသလို ဟိုနေ့က သူမြင်ခဲ့ရတဲ့ အဖြူရောင်ပုံရိပ်နဲ့ ဆက်စပ်မှုရှိမရှိလည်း သူမသိဘူး။

ရုပ်ရှင်ရုံ၏ အရိပ်အမြွက်သည် တိုက်ဆိုင်နေသည်။

မနေ့ညက ထိုပုံရိပ်ဘာကြောင့်မပေါ်လာမှန်းမသိပေမယ့် အရင်ကဖြစ်ခဲ့တာဖြစ်လို့ သူ သိပ်ပြီးမစဉ်းစားမိဘူး။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now