Chapter 13

4.7K 1.1K 75
                                    


Chapter 13: ပျောက်ကွယ်ခြင်း

သူပြောတာ ဘာမှားလဲ လင်းယိကျီမတွေးပေ။

သူတို့ လျှိုလီလီကိုသွားကြည့်စဉ်က တစ်စုံတစ်ယောက်က ညအိပ်ဂါဝန်ဝတ်ထားတဲ့သူက သူ့ချစ်သူလားလို့မေးဖူးတယ်။

ပုံမှန်တိုင်း သူ 'မဟုတ်ဘူး' ပြောလိုက်ရတယ် ... သေတဲ့အထိအထိုးခံရမှာ ကြောက်သည်လေ။

လင်းယိကျီနှုတ်ခမ်းတွန့်သွားပြီး .."မင်းမဝတ်ချင်ရင်လည်း မလိုပါဘူး"

စုမင်ဘယ်သောအခါမှ ညအိပ်ဂါဝန်ကြီးမဝတ်ချင်ခဲ့ဘူး။ ဒါတွေအားလုံးက ရုပ်ရှင်အပြစ်ပဲ ... သူ့ကို ဒီလိုရှက်စဖွယ်ဇာတ်ကွက်ကြီးထည့်ပေးရတယ်လို့။

ဒါ့အပြင် ... ဇာတ်ညွှန်းကလည်း ထူးဆန်းသေးတယ် ... ကျောင်းတွင်း အမျိုးသမီးအတွင်းခံအထည်ဆိုင်ဆီ ဘာလို့ကျောင်းသားကသွားနိုင်တာလဲ? ဘယ်လိုလုပ်ဖြစ်မှာလဲ?

ဤဇာတ်ညွှန်းရေးသော ဇာတ်ညွှန်းရေးသူကို မကောင်းသောအရသာကို ခံစားခဲ့ရသည့် စုမင် အလွန်စိတ်‌ဒေါသပြင်းပြခဲ့သည်။

သူခေါင်းစဉ်လွှဲလိုက်၏ .."ဒီအကြောင်းမပြောနဲ့တော့ ... ဆရာချန်အကြောင်း ဘာကြားထားသေးလဲ?"

လင်းယိကျီခေါင်းခါပြီး .."အဲ့နှစ်က ကျောင်းသားတွေသိပ်မကျန်တော့ဘူး"

ဆရာချန်သေဆုံးသည်မှာ နှစ်အချို့ကြာခဲ့ပြီ။ သူ့ကျောင်းသူကျောင်းသားတွေအားလုံးကလည်း တစ်တန်းပြီးတစ်တန်းအောင်ကုန်ကြတယ် ... သူတို့ကိုခြေရာခံလိုက်ဖို့ မဖြစ်နိုင်ဘူး။

ဤကျောင်းတွင် အခြားဆရာအသစ်‌တွေရှိပြီး သူတို့ဆွေးနွေးစကားပြောရင်လည်း သူ့အကြောင်းမ‌ဟုတ်ပေ။

လင်းယိကျီရုတ်တရက်တွေးမိပြီး .."ဆရာချန်က ကျောင်းသူကျောင်းသားတွေထဲမှာ ကျော်ကြားတယ်လေ ... ငါတို့ရှာတွေ့ခဲ့တဲ့ ဒီမွေးနေ့ကတ်က မတော်တဆလေးဖြစ်ပြီး အရေးမကြီးဘူးဆိုရင်ရော?"

စုမင်သဘောမတူပေ။

Horrorရုပ်ရှင်ထဲမှာ ပေါ်လာသမျှ အားလုံးက အနည်းနဲ့အများတော့ အသုံးဝင်သည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now