Chapter 100

1.6K 336 16
                                    


Chapter 100: ကျေးဇူးတင်ပါတယ်

ထို့နောက် ဘာအသံမှမကြားရတော့ပေ။

စုမင် မနက်ပိုင်းရောက်သည်အထိအိပ်ပျော်သွားခဲ့သည်။ သူနိုးလာတော့ ဖုန်းရှုကျွမ့်ကမျက်နှာသစ်ပြီးလို့ အိပ်ယာပေါ်တွင်ထိုင်နေလေသည်။

သူကြည့်ရတာ မှင်သက်တွေဝေနေပုံရ၏။

စုမင်မျက်နှာသစ်ပြီးနောက် ထိုနေရာမှာပဲ သူထိုင်နေသေးတာမြင်လိုက်ရတော့ .."မင်းအဲ့မှာငုပ်တုတ်ကြီး ဘာထိုင်လုပ်နေတာလဲ?"

ဖုန်းရှုကျွမ့်က .."ဘာမှလုပ်စရာမရှိလို့"

အပေါ်အိပ်ယာမှ ယင်းဇီဆင်းလာပြီး စကား‌တစ်လုံးတောင်မပြောဘဲရေချိုးခန်းထဲဝင်သွားသည်။

ပြတင်းပေါက်ငယ်ကို ဖုန်းရှုကျွမ့်တစ်ချက်လှမ်းကြည့်လိုက်ပြီး .."ဒီနေ့ရာသီဥတုသာယာတာပဲ ... ကောင်းမွန်တဲ့နေ့လေးဖြစ်လာနိုင်တယ်"

စုမင်လည်း လှမ်းကြည့်တော့ သူပြောတာဟုတ်ကြောင်းတွေ့လိုက်ရသည်။

ယခင်ရက်တွေတုန်းကလည်း သာယာတဲ့နေ့တွေဖြစ်သော်လည်း ဒီနေ့လို မကောင်းမွန်ပေ။ ရာသီဥတုကို မထိန်းချုပ်နိုင်မှန်းသိသော်ငြားလည်း ထိတ်လန့်ဖွယ်ရုပ်ရှင်ထဲက ရာသီဥတုသည်အတန်ငယ်အသုံးဝင်သည်ဟု စုမင်ခံစားမိသည်။

ဒါ့အပြင် ဒါရိုက်တာအများစုက ရာသီဥတုကိုအမှတ်အသားအနေနဲ့ သရုပ်ဖော် အသုံးပြုတတ်ကြသည်။

စုမင်အကြည့်ရုပ်သိမ်းကာ သူ့အိပ်ယာတွင်ထိုင်၍ .."အကိုဟောင်ဒီနေ့ပျောက်သွားမလား တစ်ခုခုဖြစ်မလားလို့ တွေးမိတယ်"

သူ ထပ်ပြီးလူတွေမသေစေချင်ပေ။

သူသိသလောက်တော့ ဒီက အကျဉ်းသားတွေသည် သေဒဏ်ချမှတ်ခံရတာမဟုတ်ပေ။ ပြုပြင်ပြောင်းလဲနေသမျှကာလပတ်လုံး သူတို့ရဲ့ဘဝတွေကို ပြန်လည်စတင်နိုင်မှာဖြစ်သည်။

အစ်ကိုဟောင်အတွက်တော့ ထောင်ထဲမှာ အကိုကြီးလို့ မကြာခဏပြောလေ့ရှိပေမယ့် သူဘာမှမလုပ်တတ်ပေ။ သူလုပ်ခဲ့တဲ့ အတန်တဆဆုံးအရာက တခြားအကျဉ်းသားတွေအပေါ် သူ့ကိုယ်သူ အတင်းလုပ်ယူထားတာပဲဖြစ်၏။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now