Chapter 68

2.3K 523 16
                                    

Chapter 68: တံခါးခေါက်ခြင်း

အပြင်ရှိ ပြတင်းပေါက်မှ တိုက်ခတ်လာသောလေသည် ပွင့်နေသောအခန်းတံခါးမှတဆင့် သူတို့မျက်နှာကိုတိုက်ခတ်လာသည်။

ဘေးမှ ရှစ်နန်ရှန်းကို စုမင်ကြည့်ပြီး နောက်ပိတ်ဆုံး ဒီလိုပုံစံနဲ့သူတကယ်သေခဲ့ကြောင်း အတည်ပြုလိုက်သည်။

သို့သော် အလောင်း၏ကိုယ်ဟန်အနေအထားက နည်းနည်းတော့ထူးဆန်းသည်။

သူ တတ်နိုင်သမျှအလွန်အမင်း ပြင်းပြင်းထန်ထန် ရုန်းကန်ပြီး လက်နှင့် ပါးစပ်ကြောင့် ခြေထောက်များလိမ်နေခဲ့သည်ကို ပုံဖော်ရန်ခဲယဥ်းသည်။

သူတို့အခန်းထဲမဝင်လာခင် ကြားလိုက်ရတဲ့ အသံတွေကို စုမင်ပြန်မှတ်မိသွားသည်။
အော်သံကစပြီး အရိုးကျိုးသံများက နောက်ကပါလာခဲ့သည်။ အခုစဉ်းစားကြည့်တော့ နောက်မှ သူ့ပါးစပ်ထဲကို လက်တွေထည့်သွင်းခဲ့တာဖြစ်ရမည်။

ယန်ဂျင်းချိုင်သိပ်မမြင်ရတာမို့ ကုတင်ဆီ အမြန်လျှောက်သွားပြီး ကြောက်ကြောက်နဲ့ အလောင်းကိုဂရုတစိုက်စစ်ဆေးကြည့်လိုက်တော့ သူ့အသံကိုထိန်းနိုင်လိုက်ကာ .."သူလက်တွေသူပြန်စားနေခဲ့တာလား?"

လက်နှစ်ဖက်လုံး သူ့ပါးစပ်ထဲမှာရှိနေကာ သူ့ပါးစပ်ဘယ်လောက်ကြီးကြီး သဘာဝကျကျ ဆံ့မဝင်နိုင်တာမို့ ပါးစပ်ဆုတ်ပြဲခဲ့သည်။

ဆက်ကပ်ထဲကလူပြက်လို စုတ်ပြဲနေသောပါးစပ်အစွန်းများသည် သွေးထွက်နေသေးသည်။

သူ့လက်တွေကလည်း ဆိုးဆိုးရွားရွားအခြေအနေမှာရှိနေခဲ့သည်။ အများစုမှာ ပါးစပ်ဖြင့်ကြိတ်ဝါးခံရပြီး ကျိုးနေသောအရိုးများသည် အိပ်ရာခင်းပေါ်တွင် ပြန့်ကျဲနေကာ သွေးများနှင့်ရောနှောနေသည်။

ရွှီရီရှောင်လျှောက်လာကာ .."ဒါ..... ငါတို့ လူနာတင်ယာဉ်ခေါ်လို့ရနိုင်မလား?"

သူတို့ ရဲတောင်ခေါ်လို့မရပေ။ လိုင်းမရဘူးဆိုရင်တောင် သေချာပေါက် ရဲခေါ်လို့ရသင့်ပေမယ့် အချို့အကြောင်းပြချက်ကြောင့် ဒီမှာဆက်သွယ်လို့မရပေ။

ယန်ဂျင်းချိုင်က .."ဖုန်းလိုင်းရမှာမဟုတ်ဘူး"

ထိုသို့သူပြောလိုက်သော်လည်း သူ့ဖုန်း‌ထုတ်ကာ ၁၂၀ကိုခေါ်ဆိုနေသေးသည်။ ထင်တဲ့အတိုင်း အလုပ်မဖြစ်‌ချေ။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now