Chapter 87

1.8K 418 25
                                    


Chapter 87: မနာလိုမှု

အပြင်မှအသံသည် လူတိုင်း၏နားထဲသို့ တဖက်တိုးဝင်ပြီး တဖက်ပြန်ထွက်သွားလေသည်။  ဘယ်သူမှ မမှတ်မိပေ။  စုမင်သည် ယခုအချိန်တွင် ချန်စုစိတ်ကို သေချာနေပြီဖြစ်သည်။

လွတ်မြောက်ခြင်း မရှိသော်လည်း ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။  အစကတည်းက သူအမှားမလုပ်ထားသလိုပဲ။

ချန်စုအသံနိမ့်နိမ့်ဖြင့် .."ဒီညတော့ အတော်လေးငြိမ်နေလိမ့်မယ်

ဒါကိုကြားတော့ စုမင်အသိပြန်ဝင်လာတယ်။ ညတိုင်း ကော်ရစ်ဒါမှာထွက်နေတဲ့ အော်သံတွေကို ရည်ရွယ်သည်ဟု သူခန့်မှန်းမိလိုက်သည်။

မနေ့ညက ထိုအသံတွေကိုနားထောင်ရင်း သူအိပ်ပျော်သွားခဲ့သည်။

ထိုအသံတွေသည် တစ်စုံတစ်ယောက်နှိပ်စက်ခံရ၍ နာကြင်သောအော်သံအလားပင်။ ထိုမတိုင်ခင်က လီဝမ်ရှင်းပြောဖူးတာမို့ ထောင်စောင့်တွေက လူတွေကို ညှဉ်းပန်းနှိပ်စက်သည်ဟု သူသံသယဝင်မိ၏။

မည်သို့ပင်ဖြစ်စေ အကျဉ်းသားတွေကလွဲလို့ ဤနေရာမှာရှိတာ ထောင်အစောင့်တွေသာဖြစ်သည်။

ကျန်တာက မြေအောက်မှာပုန်းလျှိုနေတဲ့ သရဲတစ္ဆေတွေသာ။

အဖြူရောင်အရိုးစုလက်တွေကို ပြန်သတိရသွားပြီး စုမင်ရွေ့ကာ မေးလိုက်တယ် .."ကျွန်တော်မြက်နုတ်နေတုန်းက ပေါ်လာတဲ့အရိုးတွေအကြောင်း ခင်ဗျားသိလား?"

ချန်စုက .."သူတို့ဘာသာ သူတို့လုပ်တာ"

သူ ဝင်မစွက်ဖက်ခဲ့ပေ။ သူ့ရဲ့ကိုယ်ပိုင်ဆွဲဆောင်နိုင်တဲ့ကျက်သရေက သရဲတစ္ဆေတွေကိုကူညီဖို့ဖြားယောင်းလိုက်တာပင်။

စုမင် ‘အို့’လို့သာ အာမေဋိတ်ပြုလိုက်ပြီး အဆက်မပြတ်မတော်တဆဖြစ်ခဲ့တဲ့အကိုဟောင်ကို ပြန်သတိရပြီး မေးလိုက်တယ် .."အစ်ကိုဟောင်အရိုက်ခံရတာနဲ့ပတ်သက်ပြီး တခြားအဖြစ်အပျက်ကရော?"

ဒီတခါ ချန်စုတိတ်ဆိတ်သွားသည်။

စုမင်သည် ဤတုံ့ပြန်မှုကို မျှော်လင့်ထားပြီးသားပင်။ သူ့မှာ တစ်ခုခုတော့ ရှိနေပြီဆိုတာ သေချာတယ်။  မဟုတ်ရင် နှုတ်ဆိတ်နေမယ့်အစား သူငြင်းပြီးနေလောက်ပြီ။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now