ချစ်ရခြင်းတွေမှာဆုံစည်းခွင့်တို့မြဲပါစေလေ

2.3K 55 2
                                    


ဒီမြို့ဟာ ပူပြင်းလွန်းတယ်
ချယ်ရီတွေလည်းမရှိဘူး
ထင်းရှူးရနံ့လည်းမသင်းဘူး
ဒါပေမယ့် ပန်းနုရောင်
ကတ်ဆီယာတွေတော့ ရှိနေသားပဲ
တကယ့်ကိုလှပတဲ့ ကတ်ဆီယာတပွင့်ကိုတွေ့ခဲ့တယ်
အေးစက်စက်ဆောင်းညလယ်မှာ
ပွင့်တဲ့ ပန်းတပွင့်
ဘယ်တော့မှ ဆွတ်ယူလို့
မမှီနိုင်တဲ့ပန်းတပွင့် ......

မြတ်နိုးရခြင်းရဲ့အစဟာ သံယောဇဉ်ဖြစ်လေတော့ အဘယ်သို့သော အကြောင်းတရားနဲ့များ ကွေကင်းနေနိုင်ပါမလဲ။

ဆယ်စုနှစ်တာ အချိန်ကလည်း တိုတောင်းလွန်းတယ် ။ ချစ်မိနေပါပြီလို့ နားလည်သဘောပေါက်ဖို့ကလည်း မျက်တောင်တခတ်စာပဲ ကြာပါတယ်။ ဘာကြောင့်များ တွေဝေနေရဦးမှာလဲ  ။ 

တစ်ဦးနဲ့ တစ်ဦး နှလုံးသားကလာတဲ့ ကိုယ်စီ ခံစားချက်တွေကို သိရှိနားလည်ပြီးနောက်  လောကဓံက ဘာများ အနှောက်အယှက်ပေးနိုင်ဦးမှာလဲ။

အမှတ်တရတွေဆိုတာ .......

"ငုဝါပန်းတွေကြွေပြန်ပြီ။ အတူတူသွားနေကျ ကန်သာယာက ကြာဖူးတွေလည်း ပွင့်တော့မယ် ။အကြိုက်ဆုံး ကတ်ဆီယာတွေလည်း ပွင့်နေပြီ။"

 ဒီလို ကြည်နူးရတဲ့ အောက်မေ့တမ်းတခြင်းတွေသာ ဖြစ်စေတော့တယ်။

တိုက်ဆိုင်ရင်တော့ ဒီလို လွမ်း တတ်တယ်။

 "မိုးစက်တွေနဲ့ အပြိုင်ပွင့်မယ့် ကတ်ဆီယာတွေကို
မြင်ရင် ပန်းနုရောင် ပါးမို့မို့လေးတွေကို သတိရမိပြန်ရဲ့"

 သို့သော်ငြား နာကျင်စရာ တခဏတော့ မဖြစ်ခဲ့ပါ။

 ချစ်ခဲ့ပြီးနောက်  ထာဝရဆီသို့သာ ဦးတည်ပါတော့မယ် အစ်ကို သို့မဟုတ်  ကျွန်တော့်ဘဝရဲ့  တခုတည်းသော အေးချမ်းလုံခြုံရာ ဆောင်းညငယ် .....

#ယူရီရယ်(Uriel)

zawgi 

ဒီၿမိဳ႕ဟာ ပူျပင္းလြန္းတယ္ခ်ယ္ရီေတြလည္းမရွိဘူးထင္းရႉးရနံ႔လည္းမသင္းဘူးဒါေပမယ့္ ပန္းႏုေရာင္ကတ္ဆီယာေတြေတာ့ ရွိေနသားပဲတကယ့္ကိုလွပတဲ့ ကတ္ဆီယာတပြင့္ကိုေတြ႕ခဲ့တယ္ေအးစက္စက္ေဆာင္းညလယ္မွာပြင့္တဲ့ ပန္းတပြင့္ဘယ္ေတာ့မွ ဆြတ္ယူလို႔မမွီႏိုင္တဲ့ပန္းတပြင့္ ......ျမတ္ႏိုးရျခင္းရဲ႕အစဟာ သံေယာဇဥ္ျဖစ္ေလေတာ့ အဘယ္သို႔ေသာ အေၾကာင္းတရားနဲ႔မ်ား ေကြကင္းေနႏိုင္ပါမလဲ။ဆယ္စုႏွစ္တာ အခ်ိန္ကလည္း တိုေတာင္းလြန္းတယ္ ။ ခ်စ္မိေနပါၿပီလို႔ နားလည္သေဘာေပါက္ဖို႔ကလည္း မ်က္ေတာင္တခတ္စာပဲ ၾကာပါတယ္။ ဘာေၾကာင့္မ်ား ေတြေဝေနရဦးမွာလဲ ။ တစ္ဦးနဲ႔ တစ္ဦး ႏွလုံးသားကလာတဲ့ ကိုယ္စီ ခံစားခ်က္ေတြကို သိရွိနားလည္ၿပီးေနာက္ ေလာကဓံက ဘာမ်ား အေႏွာက္အယွက္ေပးႏိုင္ဦးမွာလဲ။အမွတ္တရေတြဆိုတာ ......."ငုဝါပန္းေတြေႂကြျပန္ၿပီ။ အတူတူသြားေနက် ကန္သာယာက ၾကာဖူးေတြလည္း ပြင့္ေတာ့မယ္ ။အႀကိဳက္ဆုံး ကတ္ဆီယာေတြလည္း ပြင့္ေနၿပီ။" ဒီလို ၾကည္ႏူးရတဲ့ ေအာက္ေမ့တမ္းတျခင္းေတြသာ ျဖစ္ေစေတာ့တယ္။တိုက္ဆိုင္ရင္ေတာ့ ဒီလို လြမ္း တတ္တယ္။ "မိုးစက္ေတြနဲ႔ အၿပိဳင္ပြင့္မယ့္ ကတ္ဆီယာေတြကိုျမင္ရင္ ပန္းႏုေရာင္ ပါးမို႔မို႔ေလးေတြကို သတိရမိျပန္ရဲ႕" သို႔ေသာ္ျငား နာက်င္စရာ တခဏေတာ့ မျဖစ္ခဲ့ပါ။ ခ်စ္ခဲ့ၿပီးေနာက္ ထာဝရဆီသို႔သာ ဦးတည္ပါေတာ့မယ္ အစ္ကို သို႔မဟုတ္ ကြၽန္ေတာ့္ဘဝရဲ႕ တခုတည္းေသာ ေအးခ်မ္းလုံၿခဳံရာ ေဆာင္းညငယ္ .....#ယူရီရယ္(Uriel) 


ကန္တာရချယ်ရီ(BL)Where stories live. Discover now